ပြီးပြည်စုံမှ အချစ်တစ်ခုလိုခေါ်သတဲ့လား
 နှစ်ကိုယ်တစ်စိတ် ချစ်နေကြရင်ကော
 အချစ်လိုမခေါ်ရတော့ဘူးလား.....
 ငါတို့ဝေးနေချိန်
 နှလုံးသားချင်းနီးရင်း
 ချစ်ချင်းအရင်းတည်ပေါင်းဖက်လို့
 ဘ၀တစ်ခုတည်ဆောက်ကြမယ်လို့
 တိုင်တည်ခဲ့ဘူးတယ်..........
 ဝေးနေချိန် 
 သတိရလို့ တမ်းတမိချိန်
 မင်းဘယ်ဘက်ရင်အုံလေးကို သတိရလိုက်ပါ
 အဲဒီထဲမှာ ငါရှိနေတယ်.......
 အားငယ်နေလား .....ချစ်သူ
 စိတ်ညစ်နေလား.....ချစ်သူ
 မင်းမမေ့ပါနဲ့
 အမြဲတမ်းငါရှိနေတယ်
 ပတ်ဝန်းကျင် ယိုစွပ်လို့
 အချစ်တံတိုင်းကြားမှာ 
 ခြားနားနေတဲ့ အမုန်းမြို့ရိုးတစ်ဘက်စီက
 ငိုသံတွေ ...............
 ချစ်သူငိုသံ
 ချစ်သူငိုနေပါလား..........
 ဘယ်လောက်ခြားနား
 ဘယ်လောက်ဝေးပစေ
 ငါလာခဲ့မယ်.............
 မင်းရဲ့ အရာရာ အဖြည့်ခံအဖြစ် ငါအမြဲရှိနေမှာပါ
 မင်းစိတ်ထဲ တစ်သက်သာ စွဲမှတ်ထားလိုက်...ချစ်သူ
 အနေဝေးလို့ မေ့ကြေးဆို
 ငါနှလုံးသားကို အလှူကြီးပေးလိုက်တာကြာပီပေါ့.........
 
No comments:
Post a Comment