့" ကဗျာလုလင် ဘလော့လေးမှ သူငယ်ချင်းမျာကို နွေးထွေးစွာ ကြိုဆိုပါ၏ "

Thursday 10 October 2013

ကဗျာလုလင် ဆိုတာ

တစ်ကယ်တော့ 
ကျွန်တော်ဆိုတာ
မှုန်ဝါးရီဝေအမြင်တွေရှိတဲ့
ခပ်တုံးတုံးလူတစ်ယောက်ပါ
ဒါပေမယ့်တစ်ခါတစ်လေတော့လည်း
စဉ်းစားကြည့်မိတယ်......
ဘ၀ဆိုတာ....တိုက်ပွဲလား
ဇာတ်ညွန်းရှိပြီးသား ရုပ်ရှင်လား သေချာမသိပါ.............။
ဒုက္ခဆိုတာ .....မွေးရာပါ
ဆုလာဘ်လားရေသောက်မှချိုမယ့်ဖန်ခါးသီးလားမသိပါ.......။
ငွေကြေးဆိုတာကကော..
ဒုတိယမြောက်ဘုရားသခင်လား
ကိုယ်မွေးတဲ့မျောက်ကကိုယ့်ပြန်ခြောက်ခြင်းလား
သဲသဲကွဲကွဲမသိပါ.........
တစ်ခါတစ်လေတော့လည်း
စဉ်းစားမိပါတယ်...။
အချစ်ဆိုတာလိုတရလွယ်အိတ်လား
ဒိန်ခဲသေးသေးလေးပါတဲ့ ကြွက်ထောင်ချောက်လားမသိပါ....။
ဂုဏ်ဆိုတာ လူရွေးချယ်ပွဲ ၀င်ခွင့်လက်မှတ်လာ
းသွားလေရာလိုက်ရှုပ်နေမယ် ခွေးမြီးကောက်လားမသိပါ....
ချစ်သူဆိုတာ
ခပ်ကြီးကြီးမိအောင်မျှားရမယ့်ငါးလား
ကိုယ်သောက်ရမယ့်အဆိပ်ခွက်ကိုသယ်ယူလာသူလား
သေချာမသိပါ..........
ခွင့်လွှတ်ခြင်းဆိုတာဒိုင်တွေ့သွားတဲ့လူကျွံဘောလား
အနိုင်လို့ပြောပြီးအရှုံးပေးခြင်းလား မသိပါ...။
တစ်ခါတစ်လေတော့လည်းစဉ်းစားနားလည်ဘို့
ကြိုးစားမိပါတယ်.....။
သေခြင်းတရာဆိုတာ
လက်ရှိဒုက္ခတွေကလွတ်မြောက်ခြင်းလား
နောင်ထပ်ဒုက္ခအသစ်တွေအတွက်
တာထွက်သေနတ်ဖောက်သံလားမသိပါ......
နောင်ဘ၀ဆိုတာကကော
လက်မှတ်ဖြတ်ပြီးသားခရီးစဉ်တစ်ခုလား
မျက်စိမှိတ်ယုံရမယ့်ဘိုးတော်ပေးတဲ့ ချဲတစ်ကွက်လားသေချာမသိပါ....
အင်း တစ်ကယ်တမ်းပြောရရင်တော
ကျွန်တော်ဟာမှုန်ဝါးနေတဲ့အမြင်တွေတစ်စစီပြန့်ကျဲနေတဲ့
အတွေးတွေနဲ့
ခပ်တုံးတုံးကောင်တစ်ကောင်များဖြစ်နေမလားဆိုတာ
ခင်ဗျားတို့တွေးနေလောက်ပါပြိ.....

Monday 2 September 2013

နှလုံးသားတစ်ခုရဲ့ အတ္တုပတ္တိ

အပိုင်း(၁)

မမေ့နိုင်စရာ နေ့လေးတစ်နေ့ပေါ့……..

သူမနဲ့ကျွန်တော်ဆုံဆည်းခဲ့ပုံလေးက ရိုးရိုးလေးပါ……တနလာင်္သားဖြစ်တဲ့ ကျွန်တော်တန လာင်္နေ့ရောက်တိုင်း ရွှေတိဂုံဘုရားပေါ်တက်….ဘုရားရှိခိုး ပန်းကပ် ရေသပာယ်နေတုန်း……

အနောက်ကနေ ကောင်မလေးတစ်ယောက်…..ရောက်လာပါတယ်……သူမနောက်မှာ သူမရဲ့ အတွဲလား မသိပါဘူး….ကောင်လေးတစ်ယောက်ရပ်စောင့်နေတယ်…..ကျွန်တော်လှမ်းကြည့် လိုက်တဲ့ အချိန်….သူက အပြုံးတစ်ပွင့် လက်ဆောင်ပေးခဲ့တယ်……ခဏလေးပါ…..တစ်ကယ် ကိုခဏလေးပါ…..ကျွန်တော်သူ့အပြုံးထဲ စီးဝင်သွားခဲ့တယ်….ယစ်မူးသွားခဲ့တယ်….ပျော်ဝင် သွားခဲ့တယ်….သူကတော့သိနိုင်မှာမဟုတ်ပါဘူး……သူ ချစ်သူနဲ့အတူ….ပျော်ပါးစွာ လက်တွဲ

ထွက်ခွာသွာလေရဲ့…


အပိုင်း(၂)

ဒီနေ့ သန်းနိုင်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ရှိလို့ မွေးနေ့လက်ဆောင်လေး ပိုက်ပြီး ထွက်လာခဲ့ တယ်……..ကျောင်းတုန်းက သူငယ်ချင်းတွေလဲ ဆုံဆည်းရင်းနဲ့ပေါ……အဲဒီမွေးနေ့ပွဲဟာ သူမနဲ့ကျွန်တော်စတင်ခင်မင်စေခဲ့တဲ့ နေ့လေးတစ်နေ့ပေါ့…..

သူငယ်ချင်း သန်းနိုင်က……

ကျော်ဇင်…..ဒါ ငါ့ရဲ့ ငယ်သူငယ်ချင်း ခင်မာလွင်တဲ့……

ခင်မာလွင်….ဒါက ငါရဲ့ သူငယ်ချင်း ကျော်ဇင်တဲ့…….

ငါရဲ့ အချစ်ဆုံးသူငယ်ချင်းပေါ့…ဆိုပြီး မိတ်ဆတ်ပေးပါတယ်…..ကျွန်တော်က အသိအမှတ်ပြု ရုံခေါင်းငြိမ့်ပြလိုက်တော့…..သူက အပြုံးတစ်ပွင့်လက်ဆောင်ပေးခဲ့တယ်…..အဲဒီအပြုံး....ကျွန်

တော်လုံးဝမမေ့နိုင်ခဲ့တဲ့အပြုံး…..ကျွန်တော်ယစ်မူးခဲ့မိတဲ့ အပြုံး……လေးပါဘဲ….

ကျွန်တော်တို့ခင်မင်ခွင့်ရခဲ့တယ်……ဖုန်းနံပါတ်တွေ အသီးသီးပေးပြီး ဖုန်းထဲမှာရင်း နှီးခဲ့တယ်….သူအသံလေးကြားရရင် ကျွန်တော်ပျော်တယ်….သူအကြောင်းတွေနားထောင်ပေး

ရရင် ကျွန်တော်ကျေနပ်တယ်…..အများဆုံးကတော့ သူ့ကောင်လေးအကြောင်းပြောတာပါဘဲ

သူခံစားချက်တွေကို ကျွန်တော်မျှဝေပေးချင်တယ်…….သူမပျော်ရွှင်နေရင် ကျွန်တော်ပျော်ရွှင် တယ်…..သူမ၀မ်းနည်းနေရင် ကျွန်တော်ဝမ်းနည်းတယ်….သူမက ကျွန်တော်ရဲ့စိတ်ပါ…သူမ သာကျွန်တော်ရဲ့ ဘ၀ပါ…သူမသာ ကျွန်တော့ရဲ့နှလုံးသားတစ်ခု….အရိုးသားဆုံးဝင်ခံရရင်… ကျွန်တော်သူမကို အရမ်းချစ်မိနေပါပြီ…..အဲဒီညက ကျွန်တော့ဒိုင်ယာရီစာအုပ်လေးထဲမှာ ကဗျာတစ်ပုဒ်ရေးဖြစ်ခဲ့တယ်…………..



သူတစ်ပါးရဲ့

ရင်ခွင်ထဲက

ကိုယ်သိပ်ချစ်ရသူကို

မျှော်လင့်ရတဲ့ အရသာဟာ

အချစ်ဆိုရင်

အဲဒီအချစ်ရဲ့ အရသာမျိုး

ဘ၀ဆက်တိုင်း

မခံစားရပါစေနဲ့……….



သူမတစ်နေ့နေ့ကျွန်တော်အချစ်တွေကို လက်ခံလာမှာပါ….အဲဒီနေ့ကို ကျွန်တော်မျှော်လင့် နေပါတယ်…..



အပိုင်း(၃)

ကျော်ဇင် ဒီနေ့အာားရင် ငါ့ကို အကူအညီတစ်ခုလောက်ပေးပါဆိုတဲ့ သူ့အသံကြားလိုက်ရရင် ဘဲ ကျွန်တော့ရဲ့ နှလုံးသာဟာ ဘယ်အရာမဆို လိုက်လျှောဘို့ ဆုံးဖြတ်ချက်ချထားတဲ့အတိုင်း ကျွန်တော်သူ့ကိုသွားခေါ်ခဲ့ပါတယ်…..

သူမတစ်ခုခုကိုစိတ်တင်းထားတဲ့ပုံပါ……ကန်တော်ကြီးလဲရောက်ရော….သူမကျွန်တော်ပုခုံးပေါ်

ခေါင်းမှီပြီး ငိုချလိုက်ပါတယ်….သူမ ကောင်လေးက ကောင်မလေးတစ်ယောက်နဲ့ တွဲနေတဲ့အ ကြောင်း….သူမကိုစိမ်းကားနေတဲ့အကြောင်း….သူမဘယ်လောက်ခံစာနေရတဲ့အကြောင်း…… အိုး အစုံပါဘဲ….သူမရင်ဖွင့်ခဲ့တယ်……သူမခံစားရသိလို ကျွန်တော် ခံစားရတယ်…..သူမအ တွက်ဘာမဆို ဖြည့်ဆည်းပေးမယ့် သူတစ်ယောက်အနေနဲ့ ….သူမကိုနှစ်သိမ်းပေးခဲ့တယ်… ပျော်ရွှင်မှုတွေပေးခဲ့တယ်…သူမခံစားနေရတာတွေ မေ့ပျောက်သွားနိုင်အောင် ကျွန်တော်

ကြိုးစားခဲ့တယ်…..အရာရာဟာ ကျွန်တော့အတွက်ပျော်ရွှင်မှုတွေပါဘဲ…..သေချာတာတစ်ခု ကတော့ ကျွန်တော့နှလုံးသားကို သူလုံးဝရုန်းမထွက်နိုင်အောင် ချည်နှောင်သွားခဲ့တယ် ဆို တာပါဘဲ…….



အပိုင်း(၄)

ဒီနေ့ အိပ်ရာနေမြင့်မှထတတ်တဲ့ကျွန်တော်…အစောကြီးနိုးနေပါတယ်…ရေမိုးချိုး ဖီးလိမ်းပြီး

ကိုယ့်ကိုယ်ကို မှန်ထဲပြန်ကြည့်နေတာလဲ ဘယ်နှစ်ကြိမ်တောင်ရှိတော့ပြီလဲ မသိပါဘူး…..ဒီ နေ့သူမကိုကျွန်တော် ဒီနေ့ ဖွင့်ပြောတော့မယ်….မှတ်မှတ်ရရပြောရင်ရင် သူမနဲ့ကျွန်တော်ခင်မင်ခဲ့တဲ့ တစ်နှစ်တိတိပြည့်တဲ့နေ့…..ကျွန်တော်သူမနဲ့ချိန်းထားရာ အင်းယားကန်ဘောင်ကို ထွက်လာခဲ့ပါတယ်……

ဟောာာ သူရောက်နေပါလား….ကျွန်တော်ရင်တွေတဒိတ်ဒိတ်နဲ့ပေါ့……သူမကတော့ အေး ဆေးလွန်းပါတယ်…..သူမကိုကြည့်လိုက်တော့ သူမမျက်နှာရွှင်ပြုံးနေတယ်….တစ်ခုခုကို တွေး ပြီးပျော်နေသလိုပါဘဲ….ကျွန်တော်အားတင်းလိုက်တယ်……သူရှေ့မှောက်ရောက်တာနဲ့….

ခင်မာလွင် နင့်ကိုငါ ပြောစရာရှိတယ်….သိလား…

အင်းပြောလေ….ငါလဲနင့်ကိုပြောစရာရှိတယ်…ပြီးတော့ တောင်းပန်စရာရှိတယ်….ငါဒီနေ့အရမ်းပျော်နေတယ်တဲ့…….

ကဲ ဘယ်သူအ၇င်စပြောမလဲ…

အဲဒါဆို ကဲ လေဒီးဖက်စ် ပေါ့…..နင်အရင်ပြော……ဆိုတော့

ရပါတယ် နင်အရင်ပြောတဲ့……

အဲဒါနဲ့ကျွန်တော်လည်း သူမကို….

ခင်မာလွင် နင့်ကိုငါချစ်တယ်…..လိုဖွင့်ပြောလိုက်တဲ့အချိန်မှာ သူအရမ်းအံ့သြသွားတယ်…ပြီးတော့ သူရဲ့ပျော်ရွှင်နေတဲ့ အပြုံးတွေအရိပ်ယောင်တွေလည်းမတွေ့၇တော့ဘူး….ြ့ပီးမှ…..နင်ပြောစရာရှိတာ ပြောပြီးရင် ငါပြောမယ်…..ဒီနေ့ ငါ့ကောင်လေးငါ့ကိုလာတောင်းပန်တယ်….သူငါ့ကိုအရမ်းချစ်ကြောင်း ပြောတယ်…ငါအခု တွဲနေတဲ့ကောင်မလေးက သူ သူငယ်ချင်းပါတဲ့ ကောင်မလေးကိုယ်တိုင်က လည်းလာပြောပြတယ်….အဲဒါ ငါသူ့ကိုပြန်လက်ခံလိုက်တယ်……..အဲဒါကိုငါပြောပြချင်တာ

ပြီးတော့ တောင်းပန်စရာရှိတယ် ဆိုတာက…ငါလေ…ငါချစ်သူ ငါ့အပေါ်ဘယ်လိုထားလဲသိချင် တဲ့စိတ်နဲ့ နင်နဲ့တွဲဖြစ်ခဲ့တာပါ…..နင့်ကိုငါလုံးဝမချစ်ခဲ့ဘူးကျော်ဇင်….ငါသူ့ကို အရွှဲ့တိုက်ပြီး နင့်ကိုတွဲခဲ့တာပါ….နင်က ဖြူစင်တယ်…ရိုးသားတယ်…နင့်ဆီမှာ ဘာအရောင်မှမရှိဘူး…အဲဒါ တွေယုံကြညိလို့…နင့်ကိုငါတွဲခဲ့တာပါ…အဲဒီအတွက်ငါတောင်းပန်ပါတယ်…နင်မကျေနပ်ရင် ငါ့ကိုတစ်ခုခုလုပ်ပစ်လိုက်လို့ရတယ်….ငါငြိမ်သက်စွာ ခံယူမှာပါ…..ကျော်ဇင်………

ကျွန်တော် လှည့်ထွက်ခဲ့တယ်…ကျွန်တော်ဘာလုပ်၇မလဲ…..ကျွန်တော် ပေးခဲ့တဲ့ အချစ်တွေ အတွက် ကျွန်တော်ဘာများပြန်ရခဲ့လဲ……………..?



ယူပေမယ့် ဘာမှမရလိုက်တဲ့ အကြင်နာ

တီးပေမယ့် ဘယ်လိုမှ အသံမဆာတဲ့ဂီတာ

ငိုညဉ်းနေပေမယ့်လှည့်ကြည့်ဖော်မရတဲ့ နင်ဟာ

ငါ့အိမ်မက်တွေကို ဖျက်ဆီးမယ်သူဖြစ်နေတယ်ကွာ…..



အပိုင်း(၅)

ဒီနေရာလေးမှာ ကျွန်တော်ရောက်နေခဲ့တာ ကြာပါပီ ….ကျွန်တော် ဘာမှမသိတဲ့သူတစ် ယောက်လို ရူးသွပ်သွားချင်တယ်…အရာရာအားလုံးကိုမေ့ပစ်လိုက်ချင်တယ်……ကျွန်တော်ရဲ့ ဒိုင်ယာရီထဲမှာ သူ့အကြောင်းတွေပြည့်နှက်နေတယ်…ကျွန်တော်အတွက် ဆေးလိပ်တို တစ်တို…ဘောပင်တစ်ချောင်းနဲ့ စာအုပ်တစ်အုပ်သာ အဖော်ပြုနေခဲ့ရတယ်…..သူမ မသိခဲ့ပါ ဘူး……..သူမကို ကျွန်တော်ဖြူစင်ရိုးသားသော အချစ်များနှင့် ချစ်မိခဲ့ပါသည်….

သို့သော်….. နောက်ဆုံးဟူသော အသိစိတ်များထဲမှ နောက်ကျနေခြင်းကို ကျွန်တော်သိခွင့် ရလိုက်သောအခါ………

.မျက်ရည် တော့ မကျဖြစ်ပါဘူး….ဒါပေမယ့် ကျွန်တော်ငိုနေပါတယ် ……..နှလုံးသားထဲမှာပေါ့………အဲဒီ ခံစားချက် ဘယ်သူမှမသိအောင် ချရေးလိုက်မိတယ်……..



ချစ်သူက

အပြုံးတစ်ပွင့်ကိုဖန်ဆင်း

ပျော်ရွှင်ခြင်းကို

အသက်သွင်းလို့

ငါ့ရင်ထဲကို ၀င်ရောက်လာခဲ့တယ်….



ချစ်သူက

ပျော်ရွှင်ခြင်းကိုဖန်ဆင်း

နှလုံးသားကိုအသက်သွင်းလို့

ရင်ခုန်ခြင်းကို

စတင်စေခဲ့တယ်……..



ချစ်သူက

ချစ်ခြင်းကိုဖန်ဆင်း

ရင်ခုန်ခြင်းကို

အသက်သွင်းလို့

ငါ့နှလုံးသားကိုပါ

ရုန်းမထွက်နိုင်အောင်

ချည်နှောင်ခဲ့ပြန်တယ်….



နောက်ဆုံးချစ်သူက

ခွင့်လွှတ်ပေးပါဆိုတဲ့စကားနဲ့

လမ်းခွဲနုတ်ဆတ်

ရုတ်တရက်လှည့်ထွက်သွားပြန်တယ်…..



ရိုးသားစွာချစ်မိတဲ့

ငါ့မှာသာ….

ချစ်သူကိုအရွှဲ့တိုက်တာပါဆိုတဲ့

မင်းရဲ့ ဖြေရှင်းချက်ကို

အခါခါကြားယောင်ရင်း.

မျက်ရည်မကျအောင်

ငို…..ငို…

ငိုကြွေးနေရပြီလေ………      (ကဗျာလုလင်)

Friday 9 August 2013

မယုံရင် ကျွန်တော့ကိုမေးကြည့်


ခါတိုင်းနှစ်တွင် ကျွန်တော်အလုပ်ရှိသည်။ အလုပ်ကလည်း အင်တာနက်ကဖေးဆိုင်ဖြစ်သဖြင့် ဆိုင်မှာပင်အိပ်၇သည်။ နယ်မှ အလုပ်လာလုပ်သော ကျွန်တော့အဖို့ နေရေးစားရေးအဆင်ပြေနေခဲ့သည်။ ယခုနှစ်တွင်တော့ အင်တာနက်ဆိုင်များပေါများလာခြင်းကြောင့် အရင်းနှစ်ပြီး အရှုံးပေါ်ကာ ကျွန်တော်လည်း အလုပ်မှ ထာဝစဉ်
်ဖျက်သိမ်းခြင်းခံလိုက်ရသဖြင့် အလုပ်လက်မဲ့ အိမ်ခြေရာမဲ့ ချက်ချင်းဖြစ်သွားသည်။ထို့ကြောင့် နေစရာရှာရသည်။ နေရာက ကားဂိတ်နီး၊ ဈေးနီးဆိုတော့ သွားရေးလာရေး စားရေးသောက်ရေး  အဆင်ပြေသည်။ ကျွန်တော်လုပ်မည့် အလုပ်နှင့်လည်း နီးတော့ ကျွန်တော်ငှားနေသောရပ်ကွက်တွင် တရုတ်သူဌေး၊ ကုလားသူဌေး များက လမ်းဘေး နှစ်ထပ်တိုက် ၊ သုံးထပ်တိုက် လေးထပ်တိုက်ကြီးများကို ပိုင်ဆိုင်ပြီး ရွှေမြန်မာများက ထိုရပ်ကွက်အတွင်းတွင် ဖြစ်သလိုဆောက်ထားသော အိမ်တွင်
ဖြစ်သလိုနေထိုင်ကြသည်။ ကျွန်တော်ငှားနေသော အိမ်မှာ နှစ်ထပ်တိုက်ဖြစ်ပြီး အောက်ထပ်တွင် ပန်းသည်မိသားစုနှင့် နတ်ကတော် မိသားစုတို့နေထိုက်ကြသည်။ ကျွန်တော့အခန်း၏တစ်ဘက်ခန်းတွင်ဆေးရုံမှ ကြပ်သိပ်မပြည့်သော ၀န်ထမ်းလူပျိုကြီးတစ်ဦးနေထိုင်သည်။သို့သော် ထိုအိမ်မှ ဖြစ်ပွားနေသော ပြသနာများကို လူပျိုကြီးမှ သိဟန်တူသည်။ ထို့ကြောင့် သူတာဝန်ကျသောဆေးရုံတွင် အလုပ်ရှိရှိ မရှိရှိအိမ်ပြန်လာလေ့မရှိဘဲ ဂိုထောင်တစ်ခုမျှသာ သဘောထားလေသည်။ ပြန်လာသည် ထားစရာရှိတာထားကာ ယူစရာရှိသာပြန်ယူသွားသည်။ လုံးဝပြန်မအိပ်ပေ။ သွားစရာ လာစရာနေရာမရှိသောကြာင့် အိမ်လခတစ်နှစ်
စာကြိုပေးထားမိသော ကျွန်တော့မှာသာ ထိုအိမ်တွင်းရှိ ပြသနာကို ကြုံတွေနေရလေသည်။
ပန်းသည်တွင်ကြောင်ကလေးတစ်ကောင်မွေးထားကာ နာမည်မှာ နီနီဖြစ်သည်။ နတ်ကတော်အိမ်တွင်  ခွေးနှစ်ကောင်မွေး ထားသည်။တစ်ကောင်မှာ တယ်ရီယာမွေးပွခွေးလေးဖြစ်ပြီး တစ်ကောင်မှာ ဒေါင်းမြီးလို အမြီးရှီသော အယ်ဇေးရှင်းနှင့် မျိုးစပ်ထားသော ချင်းခွေးဖြစ်သည်။မွေးပွခွေးလေး၏အမည်မှာ အထီးဖြစ်သော်လည်း အမနာမည်ဖြစ်နေသည်။ ခွေးအမည်နှင့်လည်း မတူ လူနာမည်နှင့်တူသည်။ အမည်မှာ စိမ့်စိမ့် ဖြစ်ပြီး ချင်းခွေး၏အမည်မှာ ဖြူပြာဖြစ်လေသည်။သူတို့ခွေးနှင့်ကြောင်ကို အဘယ်ကြောင့် ထိုသို့နာမည်ပေးရခြင်းကို အနေကြာမှ ကျွန်တော်သဘောပေါက်လာခဲ့လေသည်။ပန်းသည်အမည်မှာ ဖြူပြာဖြစ်ပြီး ပန်းသည်၏ သမီးအမည်မှာ စိမ့်စိမ့်အေးဖြစ်သည်။ နတ်ကတော်၏အမည်မှာ နီနီသန်းဖြစ်သည်။ တစ်ယောက်နဲ့ တစ်ယောက်ရနဖြစ်သောအခါ ဟဲ့ ခွေးမ ဖြူပြာ နင်ကိုငါခပ်ထားတဲ့ရေမသုံးနဲ့လို့ ဘယ်နှစ်ခါပြောရမလဲဟု ခွေးကို စတင်ငေါက်ငမ်းသည်။ တစ်ယောက်ကလည်း အားကျမခံပြန်ဟောက်သည်။
ဟဲ့ကြောင်မ နီနီ နင်ဟာလေ တရစာန်ပီပီ ဘာမှကိုမသိဘူး နင်က ရေဘယ်နှစ်ခါခပ်ထည့်ထားလို့ ငါက ဘယ်မှာသုံးရမှာလဲ တိရစာန်မရဲ့ စသဖြင့် မနက်လင်းလျှင်လင်းချင်း မင်္ဂလာတေးသံသာစဖွင့်သည်။
ဟေ့ဒီမှာ ငါက ငါ့ခွေးကိုပြောနေတာ
အေး ငါလည်း ငါတိရစာန်ကိုပြောနေတာ
ဟဲ့ကောင်မ နင်ငါ့ကို ဘာမှ လိုက်တုပြောစရာမလိုဘူး
ဟေ့ဒီမှာ ဘယ်သူက စတာလဲ တိရစာန်မရဲ့ ဟုဆိုကာ မမြင်သင့် မမြင်အပ်သည်များကို ဖော်ပြသည့်အထိ ရန်ဖြစ်ကြလေတော့သည်။ ကျွန်တော့မှာ အစကတည်းက အိပ်ရာဝင်နောက်ကျကျင့်ရှီပြီး မနက်ကိုးနာရီ ဆယ်နာရီ မှ အိပ်ရာက ထတတ်ခဲ့သောအကျင့်သည်
သူတို့နှင့်တွေ့မှ စောစောထတာ ကျန်းမာရေးနဲ့ ညီညွှတ်တယ်ဟု ဖြေသိမ့်ကာ ၄င်းတို့၏ ကျက်သရေရှိသော အသံများကို ဆက်လက် နားမထောင်လိုသဖြင့် လမ်းထိပ် လက်ဖက်ရည်ဆိုင်ဘက် ထွက်လာခဲ့သည်။
ထိုမိန်းမနှစ်ဦးဘာကြောင့် မတည့်ပါဘဲနဲ့ တစ်အိမ်ထဲ ငှားနေသနည်းဟု စုံစမ်းလိုက်သောအခါမှ ထိုအိမ်ကို ငှားဘို့အတွက် ကျွန်တော့မှာ အစကတည်းက မစုံးစမ်းမိခဲ့လေခြင်းဟုနောင်တကြီးစွာရမိလေသည်။တကယ်တမ်းတော့ ထိုအိမ်မှာ အခန်းငှားသော အိမ်မဟုတ်၊ ဟုတ်သည်ဟု ပြောလျှင်လည်းရသော အိမ်မျိုးဖြစ်လေသည်။ အောက်ထပ်မှ မိသာစုနှစ်စုသည် အိမ်ပိုင်ရှင်သား၏ အိမ်ရှင်မများဖြစ်နေသည်။ အိမ်ပိုင်ရှင်မှ အသုံးမကျဘဲအိမ်ထောင်ပြုခဲ့သော သားနှစ်ယောက်ကို အောက်ထပ်တွင်ထားကာ အပေါ်ထပ်ကိုငှားစားလေသည်။ ငှားရသော အခကြေးငွေသည်လည်း ထိုမိသားစုများအတွက်သာ ဖြစ်သည်။ အိမ်ပိုင်ရှင်သည် ငွေကြေးအတန်အသင့်ရှီသူဖြစ်သည်။ ဘယ်ဘ၀က ၀ဋ်ကြွေးလည်း မသိ  မွေးထားသော သားသမီးတစ်ယောက် မှ ကောင်းကျိုးမပေးဟု သိရသည်။
နတ်နန်းကျ နတ်ကတော်နှင့် ရသော ယောကျာင်္မှာ သူမသာနတ်နန်းကျသည်မဟုတ်၊ ယောကျာင်္းဖြစ်သူမှာလည်း ထောင်နန်းကျနေ သည်ဖြစ်သည်။ လေဖြတ်နေသော သူမဖခင်အိုနှင့် ဥပဒေကျောင်းတက်နေသော ကျောင်းသား ၊  ၁၀တန်းမတက်နိုင်သေးသဖြင်
ရပ်ကွက်ဈေးတွင် ဈေးရောင်းနေရသော သမီးနှင့် အတူနေသည်။ ပန်းသည်နှင့်ရသော ယောကျာင်္းမှာ ပန်းသည်ရှာသမျှ ပိုက်ဆံကို ကျောင်းတက်နေသော သားနှင့် သမီးစရိတ်ဟု တောင်းပန်ကာ မစို့မပို့တောင်းမှ ပြန်ပေးကာ အပေါင်းအသင်းများနှင့်
အမိန့်ရအရက်ဖြူဆိုင်တွင် အခုဘဲ သိန်းငါးထောင်လောက် ချမ်းသာနေသည့်အလာ ဇိမ်ခံနေပြီး မူးပြန်လာလျှင် မယားကို ရိုက်နှက်ကာ ပတ်ဝန်ကျင်ကို မအေကိုင်တုတ်သည်။ မိန်းမနှစ်ယောက်မှာ ယောကမက စိတ်ကူးပေါက်ပြီး ရောက်ချလာလျှင်ဘုန်းကြီးပျံက ငိုချင်းသည်လိုသဘောထားကာ ငိုယိုတတ်သည်။ ကုလသမဂ နိုင်ငံတကာ ခုံရုံးဟုသဘောထားကာ သူတို့တစ်ယောက်နှင့်တစ်ယောက်ပြစ်မှုများကို ပုဒ်မမျိုးစုံတပ်ကာ တိုင်တန်းကြသည်။ ပြီးနောက် ယောခမတွင် ပါလာသောပစည်းများကို အကြောင်းအမျိုးမျိုးပြကာ ခြူကြတော့သည်။ ယောခမဖြစ်သူပြန်သွားလျှင် နင်နဲ့ဘာတော်လို့ နင်က အဲဒါတောင်းသတုန်း ငါက အဲဒါကိုတောင်သတုန်းဟု ရန်ဖြစ်ကြပြန်သည်။ရှေးတုန်းကဆိုလျှင်တော့ ထိုကဲ့သို့လင်ညီအမဆိုရင် ဆွေမျိုးတော်သည်ဟုဆိုကာ ဆွေးမျိုးစပ်ပြီး နေကြမည်ထင်သည်။ သားသမီးများလည်း ၀မ်းကွဲမောင်နှမ တော်စပ်ကြမည်ထင်သည်။အခုမူကာ ထိုသို့မဟုတ် အမေရိကန်နှင့် အီရတ်အလား တစ်နေကုန် တစ်နေခမ်း မပြီးနိုင် မစီးနိုင် ရန်ဖြစ်နေခြင်းဖြင့် နေ့များကို အသုံးချနေကြသည်။
တစ်ကယ်တော့ ပြသနာအစမှာ ထိုအိမ်တွင် မီးဖိုဆောင်တစ်ဆောင်သာရှီခြင်း၊ ရေကန်တစ်ကန်တည်းသာရှီခြင်း၊ အိမ်သာ တစ်လုံးတည်းသာရှိခြင်းတို့ကြောင့်ဖြစ်မည်ဖြစ်ပါသည်။ ထိုမီးဖိုဆောင် ၊ရေကန် ၊အိမ်သာတို့ကို သီးခြားသုံးနိုင်လျှင်လည်း ၄င်းတို့ကြည့်ရသည်မှာ
ကမာရန်ဖြစ်နေဦးမည်ထင်သည်။ သူတို့ ဘာဖြစ်ဖြစ် ဘာလုပ်လုပ် ကျွန်တော်နဲ့ မဆိုင်သောလည်း ပြသနာဖြစ်တိုင်း ကျွန်တော်ဆွဲထည့်ခံရသည်။ ဆွဲထည့်ခံရပုံကိုလည်း ကြည့်ပါဦး
မယုံလျှင် ကျွန်တော့ကိုမေးကြည့်  တဲ့၊

ဟေ့ ဒီမှာ အိမ်သာတက်ပြီး ကိုယ့်ဟာကိုယ်ရှင်းခဲ့ကြပါလား ဘာတုန်းအေ့ ညည်းတို့က ပြန်စားချင်လို့ ချန်ထားတာလား
မနက်စောစောစီစီး ကျက်သရေကိုယုတ်ရော ဘယ်သူမှ အိမ်သာမတက်သေးဘူး စားချင်ရင် ကိုယ့်ဘာသာကိုယ်တိတ်တိတ်စား
ကောင်မ ညည်းက ငါတို့ကိုများ ညည်းတို့လို ချီးစားတဲ့ အစားထဲက မှတ်နေလား
အောင်မာ ရှင်ဟာရှင်တိတ်တိတ်စားစမ်းပါ။
စားတာ မစားတာနောက်ထား ညည်းသွားထားတော့ ညည်းလာရှင်း
ဟေ့ ဒီတစ်မနက်လုံး တို့ဘက်က ဘယ်သူမှ အိမ်သာမတက်သေးဘူး မယုံရင် အပေါ်ထပ်က ကောင်လေးကိုမေးကြည့်
စပြီ ကျွန်တော့ကို စတင်ဆွဲထည့်သည်။ ဘယ်နှယ်ဟု ကျွန်တော်ခေါင်းကိုဖွကာ နားပိတ်ပြီး ကိုယ်ကို မှောက်အိပ်သည် သို့သော် အသံများက အပေါ်ထပ်သို့ တက်လာကြသည်။
ကျွန်တောရှောင်မရ၊ အသံညစ်ညမ်းမှုသည် ထိုမိန်းမနှစ်ယောက်ကြောင့် စသည်ဟုထင်သည်။ နားများခံနိုင်ရည်ရှိသော ဒက်စီမယ်ထက် ကျော်လွန်လေ့ရှိသော ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား အသံဖြင့်
ဖွင့်လေသည်။ တစ်ကယ်တမ်းမှာ မယုံရင် ကျွန်တော့ကိုမေးကြည့်ဆိုတော့ မိန်းမက သူကျူးလွန်ထားသော အမှုဖြစ်မှန်းသိသည်။ သို့သော် သူမက ဗြောင်ငြင်းနေသည့်အပြင် ကျွန်တော့ကိုပါ ထိုပြစ်မှုကို
သူမမကျူးလွန်ကြောင်း သက်သေခံခိုင်းနေရာ ကျွန်တော့မှာ ဘာပြောရမှန်းမသိ၊ အိမ်ရာက မထချင်ဘဲ ထလာပြီး အိပ်ချင်မူးတူးဖြင့် ရေကန်လေးရှိရာသို့ ထွက်လာခဲ့သည်။
ဟဲ့ ကမြင်းမ ရေပြည့်နေတာမမြင်ဘူလား
အောင်မာ နင်လိုအဆင့်အတန်းမရှိတဲ့ ..............မ ခိုင်းတာကိုလုပ်တဲ့ အစားထဲကများ မှတ်နေလား
သားသမီးတို့မှ မိဘစကားနားမထောင်လျှင် မိဘဖြစ်သူတို့ စိတ်ဆင်းရဲရသည်။ ပန်းသည်သမီးနှင့် နတ်ကတော်သမီးတို့မှာ မိဘကို လုံးဝစိတ်ဆင်းရဲစေသူများမဟုတ်ဘဲ မိဘက ရန်သူဟု
သတ်မှတ်ခိုင်းသူအပေါ် မှန်မှန်မမှန်မှန် ရန်သူဟု သတ်မှတ်ကြသည်။ ကျေးဇူးကြီးလှ မိနှင်ဖ တို့၏ ကျေးဇူးတော်များကို ထောက်ထားသဖြင့် ပန်းသည်မ သမီးမှ ဖွင့်လိုက်သောဇာတ်ကို နတ်ကတော်သမီးက
ဆက်ကလေပြီ။ ကျွန်တော်မှာသာ မျက်နှာမြန်မြန်သစ်နိုင်ဘို့လုပ်ရင်း ရေခလုတ်ကိုပိတ်လိုက်သည် ။ ပန်းသည်သမီးက ရေကိုခပ်ရာတွင် တစ်ဖက်ကိုစင်ထွက်အောင် ဖြန်းခနဲ့ ခပ်လိုက်ရာ ရေစက်ရေမှုန်တို့မှာ
နတ်ကတော်သမီးကို အနည်းငယ်လေးစိုသွားသည်။
ဟင် နင်က ငါ့ကိုရေနဲ့ပက်တယ်ဟုတ်လား  ................မ
........မ ရေကန်နားမှာနေရင် ရေစင်နိုင်တယ်ဆိုတာ မသိဘူးလား
ဝူးးးးးးးးး ကျွန်တော်သက်ပြင်းရှည်ကြီးချကာ မျက်နှာကို မြန်မြန်သစ်လိုက်ရသည်။ သူတို့ ဆဲကြဆိုကြသော စကားများမှာ အဘီဓါန်ပြုစုလျှင် လူရိုက်ရင် ရလောက်သော အဘီဓါန်လောက် ရမည်ထင်သည် ဆဲနည်းအသစ်များ
နောက်ဆုံးပေါ် UP to date ဆဲနည်းများ စုံလင်စွာ ဆဲနိုင်ကြသည်။ သမီးချင်းရန်ဖြစ်နေရာသို့ မိခင်ကောင်းများရောက်လာကြသည်။ အပြိုင်အဆိုင်ကလော်တုတ်ကြပြန်သည်။ သူတို့ကလော်တုတ်ရင်း ရေစင်အောင်သက်သက်လုပ်သူက
မယုံရင် ဟိုအစ်ကို့ကိုမေးကြည့် သူမြင်တယ်ဟု ဆိုလိုက်သည်။ ကျွန်တော်မည်သူ့ကို မည်သို့ပြောရမည်နည်း။ မသိမသာလေးထွက်လာခဲ့လိုက်သည်။ ကိုယ်က သွားပြောလျှင်လည်း တစ်ဖက်ဖက်မှ စိတ်ညစ်ညူဖွယ်ကောင်းလောက်အောင် မ
မကြားဝံမနာသာ ဆဲသံဖြင့် ကျွန်တော့ကိုပါ အဆဲခံရမည်ဖြစ်သည်ကို သေချာသိသောကြောင့် ဖြစ်သည်။ မယုံလျှင်ကျွန်တော့ကိုမေးကြည့် ဆိုသည့်စကားမှာ နေစဉ်လိုလိုကြားရသည်။ မီးဖိုချောင်တွင် အမှိုက်များဖွပြီး မဖွခဲ့ကြောင်း
ကျွန်တော့ကိုသက်သေယူသသည်။ လှန်းထားသော အ၀တ်များကို ရေဖြင့်ပက်ကာ မပက်ကြောင်း မယုံလျှင် ကျွန်တော့ကိုမေးကြည့် ဆိုသည်။ ပန်းအိုးထဲ ထမင်းရည်လောင်းထည့်ခဲ့ပြီး မလောင်းခဲ့ကြောင်း ကျွန်တော့ကိုမေးကြည့်ဆိုသည်။

ကျွန်တော်နေတာ သုံးလကျော်လေးလစွန်းလာပြီးနောက် မယုံရင် ကျွန်တော့ကိုမေးကြည့်ဆိုတော့ ခေါင်းစဉ်မှာ တော်တော်လေး တွင်ကျယ်လာသည်။ ပြစ်မှုကျူးလွန်သူက မကျူးလွန်ဟန်ဖြင့် မယုံရင် ကျွန်တော့ကိုချည်းမေးခိုင်းနေသည်။ ကျွန်တော့ ဘာပြောရမည်နည်း ၊ သူတို့အတွက် တစ်ယောက်ယောက်မှ သူတို့ ပြစ်မှုကျူးလွန်သည်ကို သိသွားမည်ကို
အတော်လေးစိုးရိမ်ရသည်။ အမျိုးမျိုးဖုံးကွယ်သည်။ သက်သေသာဓကပြသည်။ သူတို့ကျူးလွန်ပြီးနောက် နာမည်ပျက်မည့်ကိစ ၊ ဂုဏ်သိကာ ထိခိုက်မည့် ကိစ များ၊ လူအထင်သေးခံရမည့်ကိစ
 ပြက်ရယ်ပြုခံရမည့် ကိစများတို့တွင် သူတို့က မယုံလျှင် ကျွန်တော့ကိုမေးကြည့်ချည်းလုပ်နေကြသည်။ လူတို့သည် ဘာကိစ ကိုယ်ကျူးလွန်ထားသော အမှုကို ကိုယ်မကျူးလွန်ဟန်ဆောင်ရဲကြသည်နည်း ။
ပိုက်ဆံလည်းမရှိသဖြင့် နောက်ထပ်အိမ်ပြောင်းဘို့၇ာလည်း မဖြစ်နိုင်၊ ထိုကဲ့သို့ ကိုယ်ကျူးလွန်ထားပြီးအမှုကို မကျူးလွန်ကြောင်း သက်သေအဖြစ် မယုံလျှင် ကျွန်တော့ကိုမေးကြည့် လူတွေကြားမှာ ၈လတိတိဆက်နေရဦးမည့် ကျွန်တော့
အတွက် တစ်ကယ်ကြောက်မက်ဖွယ်ရာ ၀ဋ်တစ်ခု ဖြစ်နေပါတော့တယ်။။။။

Thursday 25 July 2013

အတွင်း အပြင်

အတွင်းအပြင် အိမ်ကြီးကတော့ အပျံစားဘဲကွာ။ ဒါပေမယ့် ဒီအိမ်ရဲ့ အိမ်ရှင်မကတော့ အရှင်လတ်လတ်ငရဲကျနေသလိုဘဲ ။ ခင်ပွန်းသည်က အိမ်ထောင်ရေးဖောက်ပြန်လို့ စိတ်ဒုကရောက်။ သားဖြစ်သူက မူးယစ်ဆေးဝါးအမှုနဲ့ထောင်ထဲမှာ သမီးဖြစ်သူက ပွေရှုပ်လွန်းလို့ နောက်ဆုံး လူကြားထဲ မျက်နှာမပြ၀ံသလို လူတောမတိုးရဲတော့ပါဘူး။ သနားစရာဘဲကွာ။ ပြင်ပန်းသဏန်မှာ မြို့မျက်နှာဖုံး မြို့ကျက်သရေဆောင်လို့ ထင်ရတဲ့ မိသားစုတစ်စုရဲ့ အတွင်းရေးပြသနာတွေပါ။ အပြင်ပန်းကလှတယ် သာယာအေးချမ်းတယ်။ အားကျစရာကောင်းလှတယ်လို့ ထင်ထားတဲ့ မိသားစု အတွင်းပိုင်းမှာတော့ .....။ ရေသဖန်းသီးတစ်လုံးဟာ အပြင်ပိုင်းက ကြည့်ရင် အရမ်းစားချင်စဖွယ်ပါဘဲ။ မြင်ရုံနဲ့ နှစ်သက်စရာ မြတ်နိုးစရာပါ။ ဒါပေမယ့် အတွင်းမှာတော့ ပိုးကောင် လောက်ကောင်တွေနဲ့ အနှစ်သာရမဲ့လို့..။ ဒီလိုဒီလို အပြင်ပိုင်းမှ လှပတယ်ထင်နေရပြီး အတွင်းပိုင်းမှာ ယို့ယွင်းပျက်စီးနေတဲ့ အရာတွေအကြောင်းစဉ်းစားမိတော့ ကျေးရွာတစ်ရွာ သို့မဟုတ် မြို့တစ်မြို့ သို့မဟုတ် နိုင်ငံတစ်နိုင်ငံရဲ့ တစ်ကယ့်တိုးတက်မှု သရုပ်မှန်ကို အပြင်ပန်းသဏန်နဲ့ ကြည့်ရုံနဲ့ တစ်ကယ်အရှိအတရားအဖြစ် လက်ခံလို့ ရပါ့လား။ မြို့အ၀င်ဆိုင်းဘုတ်လေး ပန်းခြံလေးရယ် တိုက်တာအဆောက် အဦး နှစ်ခု သုံးခုလောက်ရယ်ကို လက်ညိုးညွန်ပြပြီး ဒီမြို့ဟာ အင်မတန် ခေတ်မှီတိုးတက်ပါတယ် ။ အလွန်အေးချမ်းသာယာပါတယ် ဒါဟာ အမှန်တရားပါဘဲ ။ တစ်ကယ့်အရှိတရားပါဘဲလို့ပြောမလား ဒါဆိုရင် ဒီမြို့ထဲက လူပေါင်းထောင်များစွာ သောင်းများစွာဟာ နေ့စဉ်နဲ့အမျှ ထမင်းနပ်မှန်အောင် မနည်းရုန်းကန်နေရတာတွေ၊ ဘ၀ရှင်သန်ရေးအတွက် အရမ်းခက်ခဲနေလို့ ကိုယ်ကျင့်တရား ခြစားနေရတာတွေ ၊ လူငယ်တွေ ပညာရေးကို စိတ်ဝင်စားလို့ မရအောင် ဘ၀၀မ်းရေးအတွက် ခက်ခက်ခဲခဲရုန်းကန်နေရတာတွေ၊ နောက်ဆုံး ခနာကိုယ်ကို အရင်းတည်ပြီး ငွေရှာနေရတာတွေ နောက် ဒုစရိုက်များစွာတွေ ဒီ အရှိတရားတွေကိုတော့ ဘာဖြစ်လို့ တစ်ကယ့်အမှန်တရားအဖြစ် အသိအမှတ်မပြုကြရတာလဲ။ ဒီလိုမိုးထိအဆောက်အဦးကြီးတွေကြောင့် ခေတ်မှီပါတယ်။ လူနေမှုအဆင်စနစ် မြင့်မားပါတယ်။ နိုင်ငံကြီးသားပီသပါတယ်လို့ ပြောမယ်ဆိုရင် ဒီနေ့ခေတ် ဖွံ့ဖြိုးတိုးတက်နေကြတဲ့ စက်မှုနိုင်ငံတော်တော်များများမှာ ဒုစရိုက်မှုတွေ အလုပ်လက်မဲံနှုန်းများတွေတာတွေ ပေါ်ပေါက်လာနိုင်စရာကို မရှိဘူးလေ။ အမေရိကန်မှာ အရမ်းဆိုးသွပ်းနေတဲ့ ရပ်ကွက်တစ်ခုရှိပါတယ် (ရပ်ကွက်နာမည်မေ့နေလို့ပါ) ညနေစောင်းရင် အပြင်ကို မိန်းခလေးမပြောနဲ့ ယောကျာင်္းလေးတောင် တစ်ယောက်တည်းမထွက်ရဲပါဘူးတဲ့ လမ်းသရဲတွေက နောက်ဆုံးယူစရာမရှိရင် အ၀တ်အစားတွေ ချွတ်ယူလို့လေ။ နောက် ဝေါလ်ထရိတ်စင်တာကြီးတွေကြောင့် အမေရိကန်နိင်ငံဟာ ထင်ရှားနေတာမဟုတ်သလို ဝေါလ်ထရိတ်စင်တာကြီးတွေ မရှိလည်း အမေရိကန်ဟာ အမေရိကန်ပါဘဲ။ စားဝတ်နေရေးဆိုတဲ့ အရေးတွေထဲမှာ နေစရာအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အဆောက်အဦးတိုက်တာတစ်ခုတည်းကို ကြည့်ပြီးအားလုံးနီးပါးပြည့်စုံတယ်လို့ ယူဆပြောဆိုနေကြတာတွေဟာ တစ်ကယ့်ကို အမြင် ကျဉ်းနေပါသေးတယ်။ အပြင်အာရုံတွေ ကောင်းမွန်လှပဘို့ ပြည့်စုံနေဘို့ ခေတ်မှိနေဘို့ မလိုအပ်ဘူးလို့ မဆိုလိုပါ။ လိုအပ်ပါတယ် လိုအပ်လို့လည်း အမြင်အာရုံတွေ လှပမှု ရူပါရုံ၊ အကြားအာရုံတေါကောင်းမွန်မှုဆိုတဲ့ အာရုံငါးပါးဆိုတာ အထင်အရှားရှိနေတာဘဲလ။ တိုက်တာအဆောက်အဦးတွေ မြင့်သထက်မြင့်မားလာအောင် ကြိုးစားနေသလောက် လူတွေရဲ့ စိတ်ဓါတ်တွေကျတော့ ဘာကြောင့် နိမ့်ဆင်းနေရတာပါလိမ့်။ ဒိနေရာမှာ အဓိက ဆိုလိုချင်တာကတော့ အတွင်းနဲ့အပြင် သမာသမတ်ကျဘို့ပါ။ ဒီနေ့ ဒီအချိန်အထိ မြန်မာ့ယဉ်ကျေးမှု မြန်မာလူမျိုးတွေအကြောင်းပြောမယ်ဆိုရင် ပုဂံဘုရားစေတီတွေကိုလည်း သက်သေသာဓက အထောက်အထားတစ်ခုအဖြစ်ပြဆိုနေကြပါတယ်။ ဒါဟာ စေတီပုထိုးတွေကို လက်ညိုးညွှန်ပြရုံနဲ့ ပြဆိုကြတာမဟုတ်ပါဘူး။ ပုဂံခေတ်က ရေးထိုးထားခဲ့တဲ့ ရာဇကုမာရ်ကျောက်စာ၊ ညောင်ရမ်းကျောက်စာ၊ စတဲ့ ကျောက်စာတွေ ရေးထိုးခဲ့တဲ့ သမိုးကြောင်းတွေကြောင့် ပုဂံခေတ် မြန်မာလူမျိုးတွေရဲ့ လူမှုစနစ်တွေ၊ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး စတဲ့ အရေးများစွာကို ယနေ့ခေတ် မြန်မာတို့ သိရှိခဲ့ရတာပါ။ စေတီပုထိုးတွေဟာ ဘာသာတရားရဲ့ အမွေအနှစ်၊ ပုဂံခေတ် ယဉ်ကျေးမှု ပြယုဂ် သင်္ကေတတွေအဖြစ် တွေ့မြင်နေရပေမယ့်ီး ဒီအံမခန်းစေတီပုထိုးတွေလည်း အဖြစ်အပျက်စက်ဝန်းထဲမှာ ပါနေရတာကြောင့် ယို့ယွင်းပျက်စီးနေရတာဘဲမဟုတ်လား အဆိုပါ ဟောင်းနွမ်းယို့ယွင်းနေတဲ့ အဆောက်အဦးတွေရဲ့ နောက်ခံသမိုင်းကသာ နောက်လူတွေအတွက် သင်ခန်းစာတွေ အပြည့်အ၀ပေးနေတာ အထင်အရှားဘဲလေ။ နောင်အနာဂတ်အချိန်တွေ မှာ လူသားတွေကို အမှန်တကယ်အကျိုးပြုစေမယ့် တစ်ကယ့်အမှန်တရားက အဆောက်အဦး တိုက်တာတွေရဲ့ နောက်ခံသမိုင်းကြောင်း ကောင်းခြင်းမကောင်းခြင်ပေါ်မှာဘဲ မူတည်နေတာပါ။ အနာဂတ်ကို မေ့ချင်ယောင်ဆောင်၊ အတိတ်သမိုင်းအဖြစ် ကျန်ရစ်နေမယ့် ပစုပန်လုပ်ဆောင်ချက် နည်းမှား လမ်းမှားတွေကိုဘဲ မျက်စိမှိတ်အတင်းအော်နေကြတာကတော့ တစ်ကယ်ခက်တယ်။ တစ်ခါတစ်လေ စဉ်းစားကြည့်မိတယ်။ လူသန်းပေါင်းများစွာထဲက လူနည်းစုကသာ တစ်နေ့ တစ်နေ့ သိမ်းပေါင်းများစွကို ဖြုန်းတီးနေကြတာကို ကြည့်ပြီးဘဲ တိုးတက်ပါတယ်။ အဆင်ပြေပါတယ်လို့ ပြောနေကြတာလား၊ ဒါကို တစ်ကယ့်အမှန်တရား အရှိတရားလို့ ယူဆနေကြတာလား။ ကျန်နေတဲ့ သန်းပေါင်းများစွာထဲက ထမင်းနပ်မှန်ဘို့ ကြိုးစားရုန်ကန်နေကြရတဲ့ အခြေခံလူတန်းစားတွေ၊ ကျောင်းနေချိန်အရွယ်တွေ မပြည့်စုံလို့ ပညာရေးကို မျက်ကွယ်ပြုနေရရှာတဲ့ ကလေးငယ်တွေ၊ တစ်နေ့ တစ်နေ့ ၀င်ငွေ ထွက်ငွေ မမျှတလို့ ကိုယ်ကျင့်တရားကို ခြစားခံနေရတဲ့ လူတန်းစားတွေ ရှိနေကြတာကို လက်ခံပေးကြရင် ဘယ်လောက်ကောင်းမလဲ။ ကိုယ်သုံးနိုင်လို့ သုံးဖြုန်းကြတာကို မုဒိတာပွားမိပါတယ်။ ကိုယ်ရဲ့စိတ်ဆနပြည့်ဝဘို့ ငွေကြေးတွေကို ထင်သလို ဖြုန်းတီးနေကြမယ့်အစား ချို့တဲ့နွမ်းပါးသူများကို ထောက်ပံပေးလိုက်မယ်ဆိုရင် အရင်းအနှီးမပြည့်စုံလို့ စီးပွားရေးမလုပ်နိုင်သူတွေကို ဖြည့်ဆည်းပေးလိုက်မယ်ဆိုရင် အခြားပရဟိတလုပ်ငန်းတွေမှာ ပါဝင်ကူညီလိုက်မယ်ဆိုရင် အရမ်းကောင်းမယ်ထင်တယ်။ စိတ်ကူးကြည့်တာပါ။ ကိုယ်မလုပ်ပေးချင်တဲ့အပြင် သူများ.... သူများတွေလုပ်ပေးကြတာတောင် ၀င်ပြီးခလုတ်တိုက်နေကြတာဆိုတော့လည်း စိတ်ကူးရတာ သိပ်အားမရှိလှဘူး။ ကိုယ်ကျင့်တရားတွေကို မကျင့်သုံးချင်ကြလို့မဟုတ်....ကျင့်သုံးလိုက်နာရကောင်းမှန်းလည်း သိကြပါရဲ့ လိုက်နာကျင့်သုံးဘို့ ခက်ခံနေရတဲ့ အခြေအနေတွေကြောင့် ကိုယ်ကျင့်တရားဆိုတာကို မျက်ကွယ်ပြုနေကြရတဲ့သူတွေ၊ အပြင်ပန်းလှပဘို့ဘဲ မတရားတာရော တရားတာရော အားစိုက်နေကြတဲ့လူတွေ၊ ကျေးရွာတွေ မြို့တွေ နိုင်ငံတွေ များလာတော့ ၊အတွင်းရောအပြင်ပါ လှပဘို့ မကြိုးစားတော့ဘဲ မုသားကိုကန်ထရိုက်ဆွဲနေကြတဲ့ လူတွေများလာပြန်တော့ လူရဲ ခနာကိုယ်အပြင်ဘက်မှာ သန့်ရှင်းသပ်ရပ်လှပဘို့ လိုအပ်သလို အတွင်းသဏာန်ရော ကောင်းမွန်ဘို့လည်း လိုအပ်ပါတယ်။ ဒီလိုပါဘဲ ကျေးရွာ ရပ်ကွက် မြို့တွေ နိုင်ငံတွေ သာယာလှပဘို့ လိုအပ်သလို အတွင်းမှာနေထိုင်ကြတဲ့ လူတွေလည်း အတွင်းအပြင် အချီးအစားညီမျှတဲ့ အနာဂတ်တွေကို မျှော်လင့်တမ်းတရင်း.............................

Tuesday 9 July 2013

ပန်းတို့ရဲ့ မာယာ

နှင်းဆီပန်းက   လှတယ်
သူရဲ့ ဆူးက    ရှတယ်
စံပါယ်ပွင်က    ဖြူတယ်
သူ့အလှက     မြူဆွယ်
သစ်ခွက      ပတ္တမြား
အခက်အလက်လှပါတကား......

ပန်းလေးတွေရဲ့ ဂုဏ်သတ္တိ
မင်းမှာရှိရင်   ကောင်းပါဘိ
ဒါပေမယ့်....
အပြုံးတစ်ရာ မာယာတစ်သောင်း
ရုန်းထွက်မရတဲ့ သူတွေထဲမှာ
ငါမပါဘူး.....

ငါသနားတယ်...
အသုံးမကျတဲ့ မင်းတို့ရဲ့ မာယာလှလှလေးတွေကိုပေါ့...................

Wednesday 22 May 2013

ခင်ဗျားတို့ ပုံစံခွက်ထဲက ကဗျာဆရာတွေထဲမှာ ကျုပ်မပါဘူး.....

ခြောက်ကပ်ကပ်ရယ်သံတွေနဲ့

အလွှာပေါင်းစုံရဲ့

လူတွေအကြား

ကျုပ်ရပ်ကြည့်နေမိတယ်….



ခင်ဗျားတို့ဆီမှာ မက်မောမှုတွေ

တွယ်တာမှုတွေ

ရက်စက်မှုတွေ

ကျုပ်တွေ့နေရတယ်….

ခင်ဗျားတို့မျက်လုံးတွေမရိုးသားဘူး……………

မအေးချမ်းဘူး………..

တစ်စုံတစ်ခုအတွက်ဆာလောင်မှုတွေ

ကျုပ်တွေ့နေရတယ်………



ကောက်ကျစ်တဲ့ စိတ်

ရယူလိုစိတ်

မနာလိုစိတ်ရှိမှ

ဒါလူ့နေမှုပုံစံရှိမယ်တဲ့လား…….

အသစ်အသစ်တွေ

ထွက်ပေါ်လာတဲ့ခေတ်မှာ

ဒါတွေလည်း

အသစ်အသစ်တွေတဲ့လား…



ကျုပ်တို့ရဲ့ ရိုးသားမှုတွေ

ဘယ်မှာလဲ…….?

ရောင်ရဲတင်းတိမ်မှုတွေ

ဘယ်မှာလဲ……..?

ပျောက်ဆုံးနေတာ

ဆယ်စုနှစ်တစ်ခုမကတော့ဘူး…..

လူနေမှုအဆင့်အတန်းတွေမှာ

ခွဲခြားမှုတွေ

ဘာကြောင့်ဖြစ်ပေါ်နေရတာလဲ……?



လူဘဲဗျာ

ခြေနှစ်ချောင်း၊လက်နှစ်ဘက်

ခေါင်းတစ်လုံး

ပါတာချင်းအတူတူ

အရူးက တစ်မူးမသာချင်စမ်းပါနဲ့…..

ဘူဘူချင်း တစ်နဲ့ မစားချင်စမ်းပါနဲ့……


ခင်ဗျားဘာတွေမာနကြီးနေတာလဲ….

ဒါနဲ့

မာနဆိုတဲ့အရာကိုကော

ခင်ဗျားသိလား…………..

ကျုပ်ကြားဘူးတယ်……

မာနကလူကိုသတ်တယ်တဲ့….

ခင်ဗျားသေဘူးလား….

ကျုပ်လည်း မသေဖူးဘူး…..



ဒါပေမယ့်….

လူဆိုတာ သေမျိုးချည်းပဲ

ခင်ဗျား

လူသားတွေကောင်းကျိုးဘာလုပ်ပြီးပြီလဲ….

ဘာတွေလုပ်ကိုင်ပေးဘူးလဲ…..

အချိန်နဲ့ဒီရေသည်

လူကိုမစောင့်တဲ့…

ခင်ဗျားကကော

ဘယ်သူ့ကိုစောင့်နေတာလဲ……



ညစ်ညမ်းတဲ့အတွေးအခေါ်တွေ

လွှင့်ပစ်လိုက်စမ်းပါ…

ဒီမှာ ကျုပ်လိုချင်တာ

ရိုးသားမှု၊ စာနာတဲ့စိတ်ဘဲ….

ခင်ဗျားတို့ရဲ့ စာရိတ္တတွေ

မြောင်းထဲလွှင့်ပစ်လိုက်စမ်းပါ……..



ကျုပ်တို့ရဲ့ ဖြူစင်တဲ့ နှလုံသားလေးတွေ

ကျုပ်ပြန်လိုချင်တယ်…..

ကျုပ်ကိုပြန်ပေးကြပါ…ကျုပ်ကိုပြန်ပေးကြပါဗျာ…..

ကျုပ် ကဗျာဆရာမဟုတ်ဘူး………

တတ်လို့ရေးနေတာမဟုတ်သလို

ငတ်လို့ရေးနေတာလဲမဟုတ်ဘူး…..



ဒါပေမယ့်

ကဗျာတွေကိုကျုပ်ချစ်တယ်………

မြတ်နိုးတယ်….တန်ဖိုးထားတယ် ကိုယ့်လူ….

နေပါဦး…..

ခင်ဗျားတို့ ပြောနေတဲ့

လူနေမှုအဆင့်အတန်းထဲက

ကဗျာဆိုတာ ဘာကိုခေါ်တာလဲ…….?

ခင်ဗျားတို့ ခံစားတတ်ရဲ့လား

နားကောနားလည်ရဲ့လား……….?



နာမည်ကြီးမဂ္ဂဇင်းတွေ….ဂျာနယ်တွေမှာပါမှ

ကဗျာလို့ ခေါ်တာလား……

ကဗျာလို့ ခေါင်းစဉ်တပ်ပြီး….

ကဗျာလောကကို စော်ကားနေတဲ့သူတွေကိုကော

ကဗျာဆရာလို့ ခေါ်သလား……..?

ကျုပ်က ကဗျာဆရာ….

ဒါပေမယ့်

ခင်ဗျာတို့ပုံစံခွက်ထဲက

ကဗျာဆရာမဟုတ်ဘူး…..

ရင်ဘတ်ထဲက

စကားလုံးတွေကို အသက်သွင်းနေတဲ့

လူငယ်တစ်ယောက်



တတ်လို့ရေးနေတာမဟုတ်သလို

ငတ်လို့ရေးနေတာလဲမဟုတ်ဘူး….

မင်းကဘာကောင်လဲ

မင်းဘယ်လောက်တတ်သလဲ

လာမမေးနဲ့….



ခင်ဗျားလာကြည့်……….

ကျုပ်က ငါးပိကောင်..

နည်းနည်းတော့နံတယ်….

ကျုပ်ရင်ဘတ်ထဲမှာ

စကားလုံးတွေကို

အသက်သွင်းနေတယ်……



မစော်ကားနဲ့…

မဝေဖန်နဲ့…

ခင်ဗျားဘယ်လောက်သိလဲ….

ဘယ်လောက်တတ်လဲ

ဘယ်လောက်နားလည်လဲ….



ဒါနဲ့…

ကဗျာဆိုတာကော ဘာကိုခေါ်တာလဲ….

တ တလင်းချိတ် (ဋ) အံကြိတ်ရေးနေရတဲ့

ကျုပ်လိုကောင်ကရောာ

အသွေးအသားထဲက

စကားလုံးတွေ

ချပြခွင့်မရှိတော့ဘူးလား………



ကျုပ်အတွက်

ခင်ဗျားတို့ လိုချင်နေတဲ့

ငွေမလိုဘူး….

ဂုဏ်မလိုဘူ….

ပစ္စည်းဥစ္စာာဘာမှမလိုဘူး…..

ရည်မှန်းချက်တွေမရှိဘူး…

မျှော်လင့်ချက်တွေမထားသလို

တပ်မက်မှုတွေမလိုဘူးကိုယ့်လူ…



ကျုပ်ဘ၀ကို

လွတ်လပ်ပေါ့ပါးစွာ

ဖြစ်သန်းဘို့အတွက်

အသွားထက်ထက်

ကလောင်တစ်လက်ပဲအလိုရှိတယ်………..

ကဗျာလုလင်ဆိုတာ?????

တစ်ကယ်တော့ 
ကျွန်တော်ဆိုတာ
မှုန်ဝါးရီဝေအမြင်တွေရှိတဲ့
ဲ့ခပ်တုံးတုံးလူတစ်ယောက်ပါ
ဒါပေမယ့်တစ်ခါတစ်လေတော့လည်း
စဉ်းစားကြည့်မိတယ်......
ဘ၀ဆိုတာ....တိုက်ပွဲလား
ဇာတ်ညွန်းရှိပြီးသား ရုပ်ရှင်လား သေချာမသိပါ.............။
ဒုက္ခဆိုတာ .....မွေးရာပါ
ဆုလာဘ်လားရေသောက်မှချိုမယ့်ဖန်ခါးသီးလားမသိပါ.......။
ငွေကြေးဆိုတာကကော..
ဒုတိယမြောက်ဘုရားသခင်လား
ကိုယ်မွေးတဲ့မျောက်ကကိုယ့်ပြန်ခြောက်ခြင်းလား
သဲသဲကွဲကွဲမသိပါ.........
တစ်ခါတစ်လေတော့လည်း
စဉ်းစားမိပါတယ်...။
အချစ်ဆိုတာလိုတရလွယ်အိတ်လား
ဒိန်ခဲသေးသေးလေးပါတဲ့ ကြွက်ထောင်ချောက်လားမသိပါ....။
ဂုဏ်ဆိုတာ လူရွေးချယ်ပွဲ ၀င်ခွင့်လက်မှတ်လာ
းသွားလေရာလိုက်ရှုပ်နေမယ် ခွေးမြီးကောက်လားမသိပါ....
ချစ်သူဆိုတာ
ခပ်ကြီးကြီးမိအောင်မျှားရမယ့်ငါးလား
ကိုယ်သောက်ရမယ့်အဆိပ်ခွက်ကိုသယ်ယူလာသူလား
သေချာမသိပါ..........
ခွင့်လွှတ်ခြင်းဆိုတာဒိုင်တွေ့သွားတဲ့လူကျွံဘောလား
အနိုင်လို့ပြောပြီးအရှုံးပေးခြင်းလား မသိပါ...။
တစ်ခါတစ်လေတော့လည်းစဉ်းစားနားလည်ဘို့
ကြိုးစားမိပါတယ်.....။
သေခြင်းတရာဆိုတာ
လက်ရှိဒုက္ခတွေကလွတ်မြောက်ခြင်းလား
နောင်ထပ်ဒုက္ခအသစ်တွေအတွက်
တာထွက်သေနတ်ဖောက်သံလားမသိပါ......
နောင်ဘ၀ဆိုတာကကော
လက်မှတ်ဖြတ်ပြီးသားခရီးစဉ်တစ်ခုလား
မျက်စိမှိတ်ယုံရမယ့်ဘိုးတော်ပေးတဲ့ ချဲတစ်ကွက်လားသေချာမသိပါ....
အင်း တစ်ကယ်တမ်းပြောရရင်တော
ကျွန်တော်ဟာမှုန်ဝါးနေတဲ့အမြင်တွေတစ်စစီပြန့်ကျဲနေတဲ့
အတွေးတွေနဲ့
ခပ်တုံးတုံးကောင်တစ်ကောင်များဖြစ်နေမလားဆိုတာ
ခင်ဗျားတို့တွေးနေလောက်ပါပြိ.....