့" ကဗျာလုလင် ဘလော့လေးမှ သူငယ်ချင်းမျာကို နွေးထွေးစွာ ကြိုဆိုပါ၏ "

Sunday 14 October 2012

ငါဖန်ဆင်းခဲ့တဲ့ ငါ့ရဲ့ဧဒင်ဥယျာဉ်

မနက်ခင်းတွေမှာ

ငါရဲ့အနာဂတ်တွေကို

ပုံဖော်ဘို့

ဧဒင်ဥယျာဉ်တစ်ခု

ငါဖန်ဆင်းခဲ့တယ်……..



ငါအာဒံမဖြစ်ချင်ဘူး….

ဧ၀ဆိုတာလည်းမလိုအပ်ဘူး……..

ငါဥယျာဉ်ထဲက

နှလုံးသားဆိုတဲ့အရာကို

အချစ်ဆိုတဲ့ အရာဝတ္တုတစ်ခုနဲ့

ရိုးရိုးလေး

တန်ဆာဆင်ချင်ခဲ့တာလေ…….



နွေးထွေးတဲ့

နံနက်ခင်းတစ်ခု

ငါလိုချင်တယ်….

အေးမြတဲ့လေပြေလို

ငါတိုက်ခတ်ချင်တယ်…..ချစ်သူ….



မာနခပ်ပါးပါးလေး

ခြုံလွှမ်းထားတဲ့

ငါအချစ်မှာ

ပကာသနမဖက်ဘဲ

မာယာမပါတဲ့

မြတ်နိုးမှု အရင်းခံသက်သက်နဲ့

ကြင်နာချင်ခဲ့တာပါ……..



ငါရဲ့အချစ်ကို

မျက်စိနဲ့ကြည့်လို့မြင်ရမှမဟုတ်တာ….

မင်းနှလုံးသားနဲ့ ခံစားကြည့်မှ

မြင်ရမှာပေါ့……..



Love is not for keeping but for giving to someone.တဲ့

အချစ်ဆိုတာ သိမ်းဆည်းထားလို့မှ မရတာ

တစ်စုံတစ်ယောက်ကို

ပေးလိုက်ရမှာအသေအချာဘဲလေ



ငါ့အတွက်ကတော့

ပေးလိုက်ရတာဘဲဖြစ်ဖြစ်

ပြန်ရတာဘဲဖြစ်ဖြစ်

အချစ်တွေအားလုံးက

ချိုမြိန်တယ်လို့ ယူဆခဲ့တယ်…..



ငါပေးလိုက်ရတဲ့အချစ်အတွက်

ငါဘာများပြန်ရခဲ့သလဲ……?



အခုတော့….

ရိုးရှင်စွာ

မြင်နေရတဲ့

အဖြစ်အပျက်တွေကို

ခေတ်ပျက်နှလုံးသားတစ်ခုနဲ့

ငါ………

ငြိမ်သက်စွာစောင့်ကြည့်နေရင်း………………………..(ကဗျာလုလင်)

အကြည့်တစ်ချက်ရဲ့ ရာဇ၀င်

အကြည့်လေးတစ်ချက်
ဆုံဖြစ်သွားတယ်
ရုန်းထွက်လို့ကို မရတော့ဘူးးးးးးးး...
ရိုးရိုးလေး ကြည့်လိုက်တာကိုက
နှလုံးသွားထဲ တုန်လှုပ်သွားခဲ့တယ်...
အသွေးအသားထဲထိ စိမ့်ဝင်သွားခဲ့တယ်..
ငါစိတ်တွေ ယောက်ယက်ခတ်ကုန်ပါပြီ......ကွာ...


အရှိန်လွန်ခြင်းမရှိတဲ့

မင်းအပြုံးတွေအောက်
ငါ့စိတ်တွေကြည်နူးနေခိုက်
တစ်စုံတစ်ခုသောအရာက
ငါ့ရင်ဘတ်ထဲ လျှံကျသွားခဲ့တယ်
အဲဒါအချစ်တွေပေါ့........


ရိုးသားတဲ့အကြည့်တွေမှာ
မာယာတွေမပါ
နူးညံတဲ့အပြုံးတွေထဲ
လိမ်ညာခြင်းမရောစပ်ထားတဲ့
အချစ်တွေနဲ့ မင်းလေးကို

တိတ်တခိုး ချစ်နေခဲ့မိပါတယ်......

တစ်ကယ်လို့သာ

မင်းကခွင့်ပြုမယ်ဆိုရင်
နာရီစည်းဝါးမမှန်တဲ့
ကိုယ့် နှလုံးသားကို သံပတ်ပေး
နံပါတ်တွေကို အစဉ်အတိုင်းရွှေ့
ပါးစပ်မှာပန်ကာတပ်ပီး
ပြောလိုက်ချင်တယ်
မင်းကိုသိပ်ချစ်တဲ့အကြောင်းတွေကိုပေါ့...........

ဒါမှမယုံနိုင်သေးရင်

ငါရဲ့ ရင်ခွင်တံခါးကို

တွန်းဖွင့်လိုက်ပါ.....
သစ္စာမေတ္တာတွေ မိုးလို့
မြတ်နိုးမှု အခင်းအကျင်းနဲ့
အကြင်နာတွေ ကာရံထားတဲ့
နှလုံးသာစံအိမ်လေး တစ်ခု
မင်းတွေ့ရပါလိမ့်မယ်.....
မင်းအတွက်

တံခါးမရှိ ဓါးမရှိပါဘဲ....
ဝင်လာရဲလားချစ်သူ....
ထမင်းတော့ ငတ်မယ်...
ရင်ခုန်သံ လုံးဝ မပြတ်စေရဘူး.............(ကဗျာလုလင်)

မင်းလေးရဲ့အလိုတော်အတိုင်း

တိုးတိုးလေး...
တစ်ကယ်တိုးတိုးလေးပါ....
မင်းအတွက်
ငါရဲ့ ရင်ခုန်သံတွေလေ.....

တိတ်တိတ်လေး
တစ်ကယ်ကို တိတ်တိတ်လေးပါ....
ရင်ထဲက ချစ်ခြင်းတွေနဲ့
ချစ်နေခဲ့တာပါ.......

ဖြေးဖြေးလေး
တစ်ကယ်ကိုဖြေးဖြေးလေးပါ
တိုးတိတ်စွာ ပြောခဲ့မိတယ်..
နှလုံးသားထဲက ချစ်ခြင်းတွေနဲ့ပေါ့...

အရမ်းချစ်တယ်..
တစ်ကယ်ကိုအရမ်းချစ်တယ်....
ဘယ်လိုမှ မတိုင်းတာနိုင်တဲ့
အချစ်တွေနဲ့ပေါ့.........

လက်တွေမြဲလို့...
အိမ်ပြန်ချိန်တွေခွဲခဲ့ရတယ်...
အတိုင်းအဆမရှိလွမ်းလို့
အိပ်ပျက်ညတွေများခဲ့ရတယ်...

လမ်းတွေလျှောက်ရင်း
ပျော်ခဲ့ရတယ်.....
အိမ်မက်တွေထဲမှာ
နမ်းရှိုက်ခဲ့တဲ့အနမ်းတွေနဲ့
သူလာမယ့်လမ်းကို
မျှော်နေမိတယ်.......

တစ်ကယ်တော့ အလွမ်းဆိုတာ
အချစ်က ပေါက်ဖွားပေးတာပါ
အချစ်ဆိုတာကလည်း
နီးစပ်မှုရှိမှ
ခိုင်မြဲမှာလေ....

သူမရဲ့ အသစ်စက်စက် ပါပြင်းပေါ်
အနမ်းတစ်ပွင့်ချွေခွင့်ရတဲ့နေ့
သူမ ပျော်ရွင်နေရတဲ့နေ့တွေဟာ
ငါရဲ့ ခမ်းနားတဲ့ နေရက်တွေပေါ့.....

မိုးရေထဲမှာ အတူတွဲလို့
လမ်းလျှောက်ကြမယ်...
နေ၀င်ချိန်တွေကို
အတူတူ ဖြတ်သန်းချင်တယ်.....

အရာရာချစ်ခြင်းထက်
မင်းကိုချစ်တဲ့အချစ်က
ငါ့အတွက် အပြစ်ကင်းတဲ့
ချစ်ခြင်းစစ်စစ်...
မြတ်နိုးလို့ တန်ဖိုးမထားရင်တော့
အရာရာကို အရှုံးတွေပေးလည်း
ဒီတစ်ခုတော့ နားလည်ပေးပါ.....

ငါ့အတွက် အရာရာက
စိတ်ဆန္ဒတွေအားလုံးက
မင်းလေးရဲ့ အလိုတော်အတိုင်း
မင်းလေးရဲ့ အလိုတော် အတိုင်း
မင်းလေးရဲ့ အလိုတော်အတိုင်း............................(ကဗျာလုလင်)

အကြည့်တစ်ချက်ရဲ့ ရာဇ၀င်

ချစ်လို့ မ၀ခင်လေး
အလွမ်းသံတွေ
ကိုယ့်နားထဲ သဲ့သဲ့
ကြားနေရတယ်....
အပြာရောင်တိမ်တိုက်လေးကြားမှာ
အစိမ်းရောင်ဆိုတဲ့
မျက်ဝန်းလေးနဲ့
မကြည့်လိုက်ပါနဲ့.......
မင်းရဲ့ အကြည့်ဟာ
ငါ့ရဲ့ အချစ်ရေးမှာ
ဝဋ်ကြွေးပါလာလို့လားတော့ မသိဘူး...
နှလုံးသားကို
ထိသွားတာတော့ အမှန်ပါ........
အာရုံထဲ ထိုးဖောက်ဝင်ရောက်လာတဲ့
အပြုံးတွေနဲ့အတူ
နင့်ကနဲနေအောင်
ငါ့ရင်ထဲဝင်သွားခဲ့တဲ့
အကြည့်တစ်ချက်ကိုတော့
လုံးဝမေ့နိုင်မယ်မထင်တော့ဘူး.......
မင်းပျော်မယ်ဆိုရင်
ကိုယ့်ဘ၀ကြီးတစ်ခုလုံးကို
လိုသလို လုပ်လို့ရပါတယ်....
ကိုယ်နဲ့ မထိုက်ရင်လဲ
အရင်လူသဘောမို့
အရံလူဖြစ်တဲ့ ကိုယ့်ကို
မစိမ်းပါနဲ့....
ပင်ယံမြင့်မှာ ပွင့်တဲ့ပန်းကို
တုံးခုလို့  မှ နမ်းမရရင်
တံချူနဲ့ ချူပြီး
နမ်းရှိုက်ခွင့်ပေးပါ.....

အရှုံးသမားတစ်ယောက်ရဲ့ တမ်းချင်း

ကောင်းကင်ကြီးရဲ့ အောက်မှာ
ငါအသက်ရူနေခဲ့တယ်...
ညအမှောင်မှာ
ကြယ်လေးတွေမှိတ်တုတ်မှိတ်တုတ်
ဖြစ်နေပေမယ့်
လမင်းကြီးကတော့ ထွက်မလာခဲ့ဘူး......
လမ်းမီးတိုင်အောက်ကို
ငါရောက်သွားတဲ့အချိန်မှာ
ပိုးစုန်းကြူးတွေရဲ့ အလင်းရောင်ဟာ
ကောင်းကင်က ကြယ်လေးတွေလောက်
မလှပပါလားလို့
ငါတွေးနေတုန်း.....
ဟော.....
ကြယ်တစ်စင်းမြေပြင်ကို သက်ဆင်းလာပါလား..........
ငါကြယ်တွေကို ကြည့်ရင်း
ရေရွတ်နေချိန်...
ငါ့မျက်ဝန်းအိမ်မှာ
မျက်ရည်တွေအပြည့်နဲ့ပေါ့...........
မကြာခင်မှာဘဲ...
မျက်ဝန်းအိမ်ထဲက မျက်ရည်တွေဟာ
ပါးပြင်ကို ဖြတ်သန်းလို့...
မြေပြင်ပေါ်ကို ဆင်းသက်ချိန်
ငါ့ကိုယ်ငါ သတိထားလိုက်မိတာကတော့...
အော် .....
မင်းအတွက်နဲ့ ငါငိုနေတတ်ခဲပြီကိုး.......

ငါ့ရင်ခွင်ကို အပိုင်စားပေးခဲ့တာ
မင်းဘ၀အတွက်နွေးထွေးဘို့ပါ....
ငါရဲ့ အချစ်တွေကို စော်ကားဘို့ မဟုတ်ဘူးလေ....
အမုန်းလက်နက် တစ်စက်ကလေးမှမသုံးဘဲ
ငါ့ရင်ခွင်ကို စုံကန်သွားခဲ့တာပါ....
မင်းလုပ်ကွက်က
သေသပ်ပါတယ်ချစ်သူ...
ဒါကိုမှမကျေနပ်သေးရင်
ငါ့ကိုပါ အသေသတ်သွားလို့ရပါတယ်....
မင်းပျော်မယ်ဆိုရင်ပေါ့....................