့" ကဗျာလုလင် ဘလော့လေးမှ သူငယ်ချင်းမျာကို နွေးထွေးစွာ ကြိုဆိုပါ၏ "

Wednesday 22 May 2013

ခင်ဗျားတို့ ပုံစံခွက်ထဲက ကဗျာဆရာတွေထဲမှာ ကျုပ်မပါဘူး.....

ခြောက်ကပ်ကပ်ရယ်သံတွေနဲ့

အလွှာပေါင်းစုံရဲ့

လူတွေအကြား

ကျုပ်ရပ်ကြည့်နေမိတယ်….



ခင်ဗျားတို့ဆီမှာ မက်မောမှုတွေ

တွယ်တာမှုတွေ

ရက်စက်မှုတွေ

ကျုပ်တွေ့နေရတယ်….

ခင်ဗျားတို့မျက်လုံးတွေမရိုးသားဘူး……………

မအေးချမ်းဘူး………..

တစ်စုံတစ်ခုအတွက်ဆာလောင်မှုတွေ

ကျုပ်တွေ့နေရတယ်………



ကောက်ကျစ်တဲ့ စိတ်

ရယူလိုစိတ်

မနာလိုစိတ်ရှိမှ

ဒါလူ့နေမှုပုံစံရှိမယ်တဲ့လား…….

အသစ်အသစ်တွေ

ထွက်ပေါ်လာတဲ့ခေတ်မှာ

ဒါတွေလည်း

အသစ်အသစ်တွေတဲ့လား…



ကျုပ်တို့ရဲ့ ရိုးသားမှုတွေ

ဘယ်မှာလဲ…….?

ရောင်ရဲတင်းတိမ်မှုတွေ

ဘယ်မှာလဲ……..?

ပျောက်ဆုံးနေတာ

ဆယ်စုနှစ်တစ်ခုမကတော့ဘူး…..

လူနေမှုအဆင့်အတန်းတွေမှာ

ခွဲခြားမှုတွေ

ဘာကြောင့်ဖြစ်ပေါ်နေရတာလဲ……?



လူဘဲဗျာ

ခြေနှစ်ချောင်း၊လက်နှစ်ဘက်

ခေါင်းတစ်လုံး

ပါတာချင်းအတူတူ

အရူးက တစ်မူးမသာချင်စမ်းပါနဲ့…..

ဘူဘူချင်း တစ်နဲ့ မစားချင်စမ်းပါနဲ့……


ခင်ဗျားဘာတွေမာနကြီးနေတာလဲ….

ဒါနဲ့

မာနဆိုတဲ့အရာကိုကော

ခင်ဗျားသိလား…………..

ကျုပ်ကြားဘူးတယ်……

မာနကလူကိုသတ်တယ်တဲ့….

ခင်ဗျားသေဘူးလား….

ကျုပ်လည်း မသေဖူးဘူး…..



ဒါပေမယ့်….

လူဆိုတာ သေမျိုးချည်းပဲ

ခင်ဗျား

လူသားတွေကောင်းကျိုးဘာလုပ်ပြီးပြီလဲ….

ဘာတွေလုပ်ကိုင်ပေးဘူးလဲ…..

အချိန်နဲ့ဒီရေသည်

လူကိုမစောင့်တဲ့…

ခင်ဗျားကကော

ဘယ်သူ့ကိုစောင့်နေတာလဲ……



ညစ်ညမ်းတဲ့အတွေးအခေါ်တွေ

လွှင့်ပစ်လိုက်စမ်းပါ…

ဒီမှာ ကျုပ်လိုချင်တာ

ရိုးသားမှု၊ စာနာတဲ့စိတ်ဘဲ….

ခင်ဗျားတို့ရဲ့ စာရိတ္တတွေ

မြောင်းထဲလွှင့်ပစ်လိုက်စမ်းပါ……..



ကျုပ်တို့ရဲ့ ဖြူစင်တဲ့ နှလုံသားလေးတွေ

ကျုပ်ပြန်လိုချင်တယ်…..

ကျုပ်ကိုပြန်ပေးကြပါ…ကျုပ်ကိုပြန်ပေးကြပါဗျာ…..

ကျုပ် ကဗျာဆရာမဟုတ်ဘူး………

တတ်လို့ရေးနေတာမဟုတ်သလို

ငတ်လို့ရေးနေတာလဲမဟုတ်ဘူး…..



ဒါပေမယ့်

ကဗျာတွေကိုကျုပ်ချစ်တယ်………

မြတ်နိုးတယ်….တန်ဖိုးထားတယ် ကိုယ့်လူ….

နေပါဦး…..

ခင်ဗျားတို့ ပြောနေတဲ့

လူနေမှုအဆင့်အတန်းထဲက

ကဗျာဆိုတာ ဘာကိုခေါ်တာလဲ…….?

ခင်ဗျားတို့ ခံစားတတ်ရဲ့လား

နားကောနားလည်ရဲ့လား……….?



နာမည်ကြီးမဂ္ဂဇင်းတွေ….ဂျာနယ်တွေမှာပါမှ

ကဗျာလို့ ခေါ်တာလား……

ကဗျာလို့ ခေါင်းစဉ်တပ်ပြီး….

ကဗျာလောကကို စော်ကားနေတဲ့သူတွေကိုကော

ကဗျာဆရာလို့ ခေါ်သလား……..?

ကျုပ်က ကဗျာဆရာ….

ဒါပေမယ့်

ခင်ဗျာတို့ပုံစံခွက်ထဲက

ကဗျာဆရာမဟုတ်ဘူး…..

ရင်ဘတ်ထဲက

စကားလုံးတွေကို အသက်သွင်းနေတဲ့

လူငယ်တစ်ယောက်



တတ်လို့ရေးနေတာမဟုတ်သလို

ငတ်လို့ရေးနေတာလဲမဟုတ်ဘူး….

မင်းကဘာကောင်လဲ

မင်းဘယ်လောက်တတ်သလဲ

လာမမေးနဲ့….



ခင်ဗျားလာကြည့်……….

ကျုပ်က ငါးပိကောင်..

နည်းနည်းတော့နံတယ်….

ကျုပ်ရင်ဘတ်ထဲမှာ

စကားလုံးတွေကို

အသက်သွင်းနေတယ်……



မစော်ကားနဲ့…

မဝေဖန်နဲ့…

ခင်ဗျားဘယ်လောက်သိလဲ….

ဘယ်လောက်တတ်လဲ

ဘယ်လောက်နားလည်လဲ….



ဒါနဲ့…

ကဗျာဆိုတာကော ဘာကိုခေါ်တာလဲ….

တ တလင်းချိတ် (ဋ) အံကြိတ်ရေးနေရတဲ့

ကျုပ်လိုကောင်ကရောာ

အသွေးအသားထဲက

စကားလုံးတွေ

ချပြခွင့်မရှိတော့ဘူးလား………



ကျုပ်အတွက်

ခင်ဗျားတို့ လိုချင်နေတဲ့

ငွေမလိုဘူး….

ဂုဏ်မလိုဘူ….

ပစ္စည်းဥစ္စာာဘာမှမလိုဘူး…..

ရည်မှန်းချက်တွေမရှိဘူး…

မျှော်လင့်ချက်တွေမထားသလို

တပ်မက်မှုတွေမလိုဘူးကိုယ့်လူ…



ကျုပ်ဘ၀ကို

လွတ်လပ်ပေါ့ပါးစွာ

ဖြစ်သန်းဘို့အတွက်

အသွားထက်ထက်

ကလောင်တစ်လက်ပဲအလိုရှိတယ်………..

No comments:

Post a Comment