့" ကဗျာလုလင် ဘလော့လေးမှ သူငယ်ချင်းမျာကို နွေးထွေးစွာ ကြိုဆိုပါ၏ "

Tuesday 17 July 2012

ဘယ်သူအတ္တပိုခဲ့တာလဲ ...?

လူနှစ်ဦးရဲ့ အတ္တဆန်မှုဟာအချစ်ဖြစ်တယ်ဆိုရင်
ဖြေရှင်းလို့မရတဲ့ပုစ္ဆာဆိုတာ
ချစ်သူတွေကြားက နားလည်မှုလွဲခြင်းဆိုတာကို သိလိုက်ရချိန်
တန်ဖိုးရှိတဲ့အရာတွေကလည်း ဆုံးရှုံးသွားတတ်တယ်.....

ကိုယ့်ဆန္ဒနဲ့ အမြဲဆန့်ကျင်သွေဖယ်သူ
သံသယတွေနဲ့ ပေကျံတဲ့နှလုံးသားရှိတဲ့သူ
စိတ်ဆင်းရဲခြင်းကိုသာ အမှတ်တရပေးတတ်တဲ့သူ
နာကျင်ခံခက်တဲ့စကားကိုမှ ရွေးချယ်ပြောတတ်တဲ့သူ
အဲလိုစံတွေနဲ့ပြည့်နေတဲ့ မင်းကို ကိုယ် ချစ်နေသေးတာတဲ့လား...........

တစ်ချိန်းတုန်းကတော့
ဆုံဆည်းခြင်းမီးအိမ်ဟာ ဆီမခမ်းခင်အချိန်ထိ
တူတူတောက်ပခဲ့ကြပါတယ်....
ပြန်ကြည့်လိုက်ပါဦး
နားလည်ခြင်းတရားတွေနဲ့ ပြည့်နေတဲ့ ကြယ်ပွင့်လေးတွေ
အဲဒါ.......
မင်းမျက်ဝန်းလေးတွေပေါ့ ချစ်သူ.......(ကဗျာလုလင်)

အချစ်စစ်တို့ မည်သည်.............

တစ်နယ်စီကွာဝေး
ရေမြေတွေခြားနေလည်း
နှလုံးသားချင်းနီးရင်
ချစ်ခြင်းဆိုတာ တည်မြဲပါတယ်...

အလွမ်းဆိုတာ
အချစ်ရဲ့ နောက်က
တစ်ကောက်ကောက်လိုက်နေတဲ့
အရိပ်တစ်ခုဘဲလေ....

ဘာဘဲဖြစ်ဖြစ်
မင်းနဲ့ တွေ့ဆုံခွင့်ပေးတဲ့
လောကကြီးကို
ငါကျေးဇူးတင်တယ်....

နင်နဲ့ချစ်ခွင့်ပေးတဲ့
ကံကြမ္မာကို
ငါကျေးဇူးတင်တယ်....

ပီးတော့
နင့်ရဲ့ ဖြူစင်တဲ့အချစ်တွေကို
ငါမြတ်နိုးတယ်.................. (ကဗျာလုလင်)

ပဲပေးလို့ ပုံထွက်လာတာလေးတွေပါဂျာ









Monday 16 July 2012

ကျွန်တော်မသိတဲ့ ကျွန်တော်

တစ်ခါတစ်ခါ
လူဘ၀ဆိုတာ အိမ်မက်ဆိုးတွေမက်တတ်တယ်......
ပြီးတော့
အတိတ်ကောက်မှားခဲ့တဲ့ အိမ်မက်တွေနဲ့ အပြုံးတွေက
အမုန်းဖြစ်တတ်သေးတယ်..
ကျွန်တော်တို့ သိပ်ချစ်ခဲ့ပါတယ်
မြတ်မြတ်နိုးနိုးချစ်ခဲ့ကြတာနော်............

ဒါပေမယ့်
အတူတူဆိုညည်းခဲ့တဲ့တေးသွားတွေ
မုန်းတိုင်းထဲရောက်သွားတယ်
ဘ၀ဇာတ်ဆရာက
ဇာတ်သိမ်းပေးတာစောတယ်.......

ကံတရာက အရာရာကိုဖန်တီးပေးခဲ့တာလား.
ချိုသာမှုတွေ ရှားပါးခဲ့တာ ငါ့အမှားတွေကြောင့်တဲ့လား
လူတစ်ယောက်ရဲ့ နှလုံးသွေးတွေက ပွက်ပွက်ဆူ
အပြစ်တွေ သူများပြောမယ့်အစား
ကျွန်တော့ကိုယ်ကျွန်တော်ဘဲအပြစ်တင်လိုက်တော့မယ်.....

မမျှော်လင့်ခဲ့ပါဘူး..........
အတူတူလျှောက်မယ် လမ်းကလေး ပျက်ဆီးခဲ့တာ
မခေါ်ရက်ခဲ့ပါဘူး......
ကျွန်တော်နဲ့ ရှိမယ်နေ့ရက်တွေကို
မတားရက်ခဲ့ပါဘူး............
မင်းသွားမယ့် နေရာလေးတွေကို
သူစိတ်ချမ်းသာဘို့
သူပျော်ရွှင်ဘို့အတွက်
ကျွန်တော်အချစ်တွေကို ဒစ်စကောင့်ချထားခဲ့တယ်.............

နေထိုင်ရှင်သန်နေရတဲ့ဘ၀က
အက်ဆစ်ထဲပျော်ဝင်နေရသလိုဘဲ........
အဲဒါ ၀ဋ်ကြွေးတစ်ခုထင်ပါရဲ့နော်
အိမ်မက်တွေက လှမလိုလိုနဲ့
ချောက်ထဲကျမှ လန့်နိုးသလိုမျိုးပါလား............................
ဒါနဲ့
ကျွန်တော်ဆိုတာ ဘယ်သူပါလိမ့်......................? (ကဗျာလုလင်)

မင်းအရှင်သတ်လို့ရတဲ့ ရင်ဘတ်နဲ့လူ

အတိတ်ရဲ့ မျဉ်းကြောင်းပေါ်မှာ
အသဲကွဲစာသားတွေနဲ့
ကဗျည်းမထိုးချင်ဘူး.........
နွေခေါင်ခေါင် လရောင်ပျောက်တဲ့
ငတ်မွတ်မှုမျိုးက
ဘယ်တော့များမှ ပြန်လာမှာလဲလေ.........

လရောင်ဆန်းတဲ့ ကမ်းလင့်မှုမျိုးနဲ့
မင်းဘယ်အချိန်ပြန်ပါလာစေ
ငါကြိုနေဦးမယ်.....ချစ်သူ
ဒါကို မင်းက မျက်တောင်မခတ်ဘဲ
မုန်းပြန်ရင်လဲ
ငါ မုန်းမာန်မပါဘဲ ပြုံးပြမယ်
ပြီးတော့ အသံမပါဘဲ ငါလွမ်းမယ်........

ဒီနေ့ မင်းကိုငါလွမ်းလိုက်တာ
လေပြေတောင်လန့်သွားမယ်.....
မင်းသိလား
ငါ့စိတ်ထဲမှာ ဝေဒနာတွေမိုးလိုရွာချတယ်...
မင်းက စုတ်ဖြဲပစ်လိုက်တော့ ချစ်ခြင်းတရားနဲ့
ပျိုးထားတဲ့ မိုးကာတဲလေး ပြိုပျက်နေပြီ........ချစ်သူ

နာကျင်ကြွေကွဲခြင်းဆိုတဲ့ ဘက်မှာ
ငါက ထူးချွန်နေသလိုဘဲ အလွမ်းဆိုတာကလည်း
ဘယ်သူ့ဘက်လိုက်ရမှန်းမသိတဲ့အထိကို
မျက်စိသူငယ်နားသူငယ်နဲ့ ကလေးလိုပါဘဲကွာ.

မင်းလိပ်ပြာက ငါ့နှလုံးသားကိုဝင်ဆီးခဲ့တော့
အချစ်တစ်ပွဲကို စစ်ပွဲတရာနဲ့ လဲရပြန်တယ် ...
ငါ့မှာတော့ ဝေခွဲမရတဲ့ သတ္တဗေဒ
အမည်မသိတဲ့ သက်ပြင်းတစ်ခုကိုမလုံမလဲ မှုတ်ထုတ်လိုက်ရလဲ
တိတ်တိတ်လေးပါဘဲလေ.......

အချိန်တွေကြာလာတော့
မိုးစက်..........
မျက်ရည်.......ဒါတွေနဲ့
အလွမ်းတွေအောင်မြင်ခဲ့ပါပြီ.....

မင်းသိထားပါ.......ချစ်သူ
တစ်ကယ်တော့
ငါဟာ မင်းအရှင်သတ်လို့ရတဲ့
ရင်ဘတ်နဲ့လူတစ်ယောက်ပါ..............................(ကဗျာလုလင်)

လွင့်မျောနေတဲ့ အနာဂတ်ထဲက.....ကျွန်တော်

တစ်ကယ်တော့
သံသရာက မလွမ်းထိုက်ဘူး
ဖွာဆံကျဲစိတ် ရနံလေးနဲ့
လေသယ်လာတဲ့ စေတသိက်တွေ
လွန်ထားတဲ့အတိုင်း လိုသလိုပေးကျစ်
စနစ်တကျရွာလို့။
တောင်ပံတစ်ဖက် မစင်ကြယ်ခဲ့
မစင်ကြယ်တဲ့ တောင်ပံတစ်ဘက်နဲ့သာ
မောင်းနှင်လာတဲ့ဟောဒီကမ္ဘာမှာ
ငါဘယ်လိုချစ်ရမလဲလေ.....
အမုန်းတရားဆိုတာကတော့
စေတန်အမှတ်တံဆိပ်နဲ့ ဟန်ဆောင်စဉ်းလဲတဲ့
ပဉ္စမမြောက်နှတ်ခမ်းရဲ့ အသက်ကိုသတ်သော
အနမ်းတစ်ခု...........
အချစ်ဆိုတာကလည်း
ဘယ်အချိန်ထခြစ်ခြစ်
အက်စစ်တွေလို တစ်ဆစ်ဆစ်မြည်တတ်တဲ့
ဓါတ်စက်ဟောင်းတစ်လုံးလိုဘဲ....
ဘ၀ဆိုတာကလည်း
အလွမ်းများများ ၊ အပျော်နည်းနည်းရောစပ်ထားတဲ့
ရုပ်ရှင်ကားတွေပါ...
လေထဲမှာ အိပ်လေးတစ်လုံးဆောက်
စာကြည့်ခန်းလေးက သပ်သပ်ထားမယ်
သူငယ်ချင်းတွေလာရင်အိပ်ဘို့ တစ်ခန်း
လမ်းလျှောက်ဘို့ ပန်းခြံသေးသေးလေးနဲ့
အဲလိုရွှက်လွှင့်တယ်ဆိုတာကလည်း
ကမ်းကို ရှာဖွေဘို့ဘဲလေ......
မနေ့တုန်းကတော့
သေမိန်ကျပြီးသူရဲ့ မျှော်လင့်ချက်နဲ့
မနက်ဖြန်ဟာ
နောက်ဆုံးမှာပန်းဝင်လာတဲ့
တာဝေးအပြေးသမားလို
အသက်ရူသံနဲ့.............
အခုတော့
မိုးထဲရေထဲမှာ ငါတစ်ယောက်တည်း
ရွှဲရွှဲဆိုလို့...........................(ကဗျာလုလင်)

"မနေ့က" "ဒီနေ့"

လူ့ဘဝသက်တမ်း ဘယ်နှစ်ရက်ရှိသလဲ?
မတူတဲ့လူတွေမှာ မတူတဲ့အဖြေတွေရှိကြတယ်။
ကျွန်တော့်အဖြေက လူ့ဘဝတစ်လျောက်မှာ ရက်(၃)ရက်ပဲရှိတယ်။ အဲဒီရက်တွေက မနေ့က၊ ဒီနေ့ နဲ့ မနက်ဖြန်ပဲဖြစ်တယ်။ ဒီသုံးရက်ကို သေချာအသုံးပြုတတ်ရင် ဘဝတစ်သက်တာလုံး အဆင်ပြေကောင်းမွန်နေလိမ့်မယ်။

"မနေ့က" ဆိုတဲ့ရက်တွေ ရှည်လျားလွန်းလှတယ်။

ရှည်လျားလွန်းလို့ ဘယ်နှစ်ရက်ရှိမှန်းတောင် မရေတွက်နိုင်ခဲ့ဘူး။ မရေတွက်နိုင်တဲ့ "မနေ့က" ပေါင်းများစွာက လူတစ်ယောက်ရဲ့သမိုင်းကို ဖွဲ့စည်းပေးခဲ့တယ်။ ဒါပေမယ့် "မနေ့က" ဘယ်နှစ်ရက်ပဲရှိခဲ့ရှိခဲ့၊ ဘယ်လောက်ပဲ ဒုက္ခဆင်းရဲခံခဲ့ရပါစေ၊ ဘယ်လောက်ပဲ ထူးကဲခမ်းနားခဲ့ပါစေ ဒါတွေအားလုံးဟာ အတိတ်ကိုယ်စားပြုတွေ ဖြစ်သွားခဲ့ပြီး အနာဂတ်ကို ကိုယ်စားမပြုနိုင်ပါဘူး။

ဥပမာ-- မနေ့က ဆင်းရဲတဲ့လူတစ်ယောက်ဟာ မနက်ဖြန်မှာ သူဌေးဖြစ်ချင်ဖြစ်သွားနိုင်တယ်။
မနေ့က သူဌေးတစ်ယောက်ဟာ မနက်ဖြန်မှာ သူတောင်းစားဖြစ်ချင်ဖြစ်သွားနိုင်တယ်။
မနေ့က အလုပ်သမားတစ်ယောက်ဟာ မနက်ဖြန်မှာ ကုမ္ပဏီပိုင်ရှင်ဖြစ်ချင်ဖြစ်သွားနိုင်တယ်။

လောကမှာ အမြဲတမ်းအောင်မြင်မှုဆိုတာ မရှိနိုင်သလို အမြဲတမ်းရှုံးနိမ့်မှုဆိုတာလည်း မရှိဘူး။ အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုက သင့်တော်တဲ့အခြေအနေမှာ လည်ပတ်ပြောင်းလဲနိုင်တယ်။

ဒါကြောင့် မနေ့ကဖြစ်ခဲ့သမျှ ဆင်းရဲဒုက္ခအတွက် တွန့်ဆုတ်မနေသင့်သလို မနေ့ကရခဲ့တဲ့ ခမ်းနားထည်ဝါမှုအတွက် ဂုဏ်ယူဝင့်ကြွားနေဖို့ မလိုဘူး။ မနေ့ကဖြစ်ခဲ့တဲ့ ဆင်းရဲဒုက္ခနဲ့ထည်ဝါမှုဟာ ဒီကနေ့ရဲ့လှေကားထစ်လို့မှတ်ယူပြီး သာယာလှပတဲ့ မနက်ဖြန်ကို အရောက်လှမ်းနိုင်မှာဖြစ်တယ်။

"ဒီနေ့" ရဲ့ရက်က တိုတောင်းလွန်းတယ်။

ကိုယ့်ခြေဖဝါးအောက်ကနေ တစ်စက္ကန့်ချင်း နောက်ပြန်ကျုံ့ဝင်နေတယ်။ ဒီနေ့ဟာ မနေ့ကဆင်းရဲဒုက္ခရဲ့ အဆုံးနဲ့ မနက်ဖြန်ရဲ့အောင်မြင်မှုစမှတ်ကို ဆင့်ကမ်းဆက်သွယ်ထားတဲ့ နေရာဖြစ်တယ်။ ဆက်သွယ်တာကောင်းလေ မနက်ဖြန်က ခမ်းနားထည်ဝါလေဖြစ်တယ်။

ဒါကြောင့် "ဒီနေ့"မှာ "မနေ့က" အဖြစ်အပျက်အတွက် လွမ်းဆွေးတမ်းတ၊ ပူဆွေးမနေသင့်ဘူး။ ပြီးခဲ့တာတွေ ပြီးခဲ့စေပြီး သုညကနေ အသစ်တစ်ဖန် ပြန်စသင့်တယ်။ "ဒီနေ့"ရဲ့လုပ်ဆောင်မှုမှာ ကိုယ်ရောစိတ်ပါ နစ်ဝင်နေမှ ကောင်းမွန်တဲ့အသီးကို ခံစားရမှာဖြစ်တယ်။

ဒီနေ့အလုပ်ကို မနက်ဖြန်ထိမရွှေ့ဘဲ ဒီနေ့ပြီးအောင်လုပ်သင့်တယ်။ တကယ်လို့ မနက်ဖြန်ကိုပဲ ရွှေ့နေခဲ့ရင် မနက်ဖြန်တွေက များလွန်းလှတယ်။ မနက်ဖြန်ရဲ့ မနက်ဖြန်တွေက လူ့ဘဝလမ်းဆုံးလည်းဖြစ်နိုင်တယ်။ နောက်တော့ ဒီနေ့လုပ်သင့်တဲ့အလုပ်က မနက်ဖြန်မှာ ပျောက်ပျက်သွားတာမျိုးလဲ ရှိနိုင်တယ်။

မနက်ဖြန် ဘယ်လောက်ရှည်လျားသလဲ? ဘယ်သူမှ ရေရေရာရာ မပြောနိုင်ခဲ့ပါဘူး။
မနက်ဖြန်က ခမ်းနားထည်ဝါမလား? ရှုံးနိမ့်ကျဆုံးမလား? ဘယ်သူမှလည်း မသိနိုင်ခဲ့ပါဘူး။
မနက်ဖြန်က ကျွန်တော်တို့ကို အခွင့်အရေးတွေပေးသလို မနက်ဖြန်က ကျွန်တော်တို့ကို စိန်ခေါ်မှုတွေပေးတယ်။

မနက်ဖြန်ရဲ့ မျှော်လင့်ခြင်းကလှပပေမယ့် မနက်ဖြန်ရဲ့လမ်းတွေတိုင်းက ဆူးခက်တွေနဲ့ ညီညာမှာမဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာတစ်ခုက နေရောင်ခြည်လင်းလက်ပြီး ပန်းပွင့်တဲ့မနက်ဖြန်တိုင်းက ကြိုးစားရုန်းကန်သူတိုင်းကို ရင်ဖွင့်ကြိုဆိုနေမှာပါပဲ။

ဒါကြောင့် "မနေ့က" ရဲ့ သင်ခန်းစာနဲ့ အတွေ့အကြုံကို အသုံးပြုပြီး "ဒီနေ့"ကို အကောင်းဆုံး ကျော်ဖြတ်နိုင်ပါစေ။ "မနက်ဖြန်"တိုင်းရဲ့ စိန်ခေါ်မှုကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီး လူ့ဘဝကို ကောင်းမွန်ပြည့်စုံတဲ့ အဆုံးသတ်ပုဒ်မနဲ့ အပြီးသတ်နိုင်ပါစေဗျာ......

အမုန်းသမားတစ်ယောက်ရဲ့သီအိုရီ

ဘ၀ဇာတ်ခုံပေါ်မှာ

အတ္တခါးခါးနဲ့

အပြုံးတုတွေဖန်ဆင်း

မာယာများတဲ့ နှလုံးသား

အဆိပ်ပြင်းတဲ့စကားလုံးတွေနဲ့

ကြမ်းရှရှ အနမ်းတွေကိုလည်း

ငါ.....မယစ်မူးချင်တော့ဘူး........

ကမ္ဘာကြီးတည်နေသရွေ

ငိုကြွေးခြင်းတွေ ကြေကွဲခြင်းတွေ

နာကြင်ခြင်းတွေနဲ့

ပျော်ရွှင်စရာမရှိတဲ့ဘ၀တွေကို

ကံကြမ္မာက ထပ်ဆင့်တွန်းချနေဦးမယ်.......

အိပ်လို့မရမယ့်အတူ

ပြတင်းပေါက်ပေါ်လက်တင်

အဲဒီလက်ပေါ်မေးတင်လို့

သော့ခတ်ထားတဲ့

ဘယ်ဘက်ရင်ဘတ်ကိုကြည့်တော့

အစိမ်းရောင်မပြယ်သေးတဲ့

လတ်လတ်ဆတ်ဆတ် အချစ်တွေကိုတွေ့ရတယ်.......

သွေးစက်လက်ကျနေတဲ့

ငါနှလုံးသားအပြင်

အသွေးအသားထဲက

ငါ့အချစ်တွေကိုပါ

အမုန်းသဂြိုလ်စက်ထဲထည့်

မီးဟုန်ဟုန်းလောင်မြိုက်စေခဲ့တော့

နှလုံးသားမဲ့ လူတစ်ယောက်အဖြစ် ..ငါ...

မင်းမာယာတွေထဲက

ခပ်ညံညံယောကျာင်္တစ်ယောက်အဖြစ်

ငါမနေချင်တော့ဘူး............

ငါ့ကိုပစ်ခတ်မယ့်

မာယာကျည်ကတ်ကိုဖြုတ်ချပြီး

အပြုံးတုတွေကို အသာအယာပိတ်လို့

မင်းအံတကြိတ်ကြိတ်နဲ့

ထွက်ခွာသွားမယ်နေ့အထိ

ငါစောင့်နေမယ်

အမြန်ဆုံးရောက်ရှိပါစေသား............................(ကဗျာလုလင်)