့" ကဗျာလုလင် ဘလော့လေးမှ သူငယ်ချင်းမျာကို နွေးထွေးစွာ ကြိုဆိုပါ၏ "

Tuesday 11 December 2012

အလွမ်းတစ်ခုရဲ့ ဒိုင်ယာရီ

အေးချမ်းလှတဲ့
ငါ့အခန်းကျဉ်းလေးမှာ
ချစ်ခြင်းတွေအစပျိုးမိခဲ့လို့
အလွမ်းမိုးတွေ သဲသဲရွာခဲ့တယ်....
ပြတင်းတခါးပေါက်လေးကို
ဖွင့်လိုက်တဲ့ အချိန်မှာ အမြဲတွေ့နေရတဲ့
ပြာလဲ့လဲ့ မိုးကောင်းကင်ကြီးတစ်ခု
စိမ်းမြတဲ့သစ်ပင်အုပ်ကြီးတွေနဲ့
သောက်နေကျကော်ဖီလေး
တစ်ခွက်က
လေပြေးလေးတွေနဲ့အတူ
အလွမ်းတွေကို အစပျိုးပေးနေလေရဲ့.............
သစ်ရွက်လေးတွေက
လေတိုက်တိုင်းလှုပ်ရမ်းနေတာ
ဘယ်လောက်တောင်ကဗျာဆန်ဘို့
ကောင်းနေနေ
ငါ့အမြင်မှာတော့
နေတိုင်းမြင်တွေရလို့လားမသိ
ရပ်နေတဲ့ပန်းချီးကားတစ်ချက်လိုပါဘဲ
ဲတစ်ခါတစ်ခါ အထီးကျန်တယ်
တစ်ခါတစ်ရံ ငေးငိုင်နေတယ်..
တစ်ခါတစ်ရံမင်းအကြောင်းကို
တွေးတွေးနေတယ်
သေချာတာတစ်ခုက
အလွမ်းတွေ ရင်မှာပိုက်လို့
အချစ်ဆိုတဲ့ အရသာကို
သိလာစေခဲ့တယ်....
အချစ်ဆိုတာဘာလဲ......?
ရယူခြင်းလား....ပေးဆပ်ခြင်းလား.
လုံးဝမသိခဲ့လို့
အဲဒီအချစ်ဆိုတာကြီးကို
အရမ်းစူးစမ်းချင်ခဲ့မိတယ်လေ.......
တစ်ကယ်တမ်း
သိလိုက်ရတဲ့အချိန်မှာတော့
ငါ့နှလုံးသားမှာ
အလွမ်းမိုးတွေသွန်းဖြိုးလို့
မျက်ဝန်းအိမ်ထဲက
မျက်ရည်တွေက
ခန်းခြောက်နေပီလို့တောင်
ထင်ရတယ်
အဲဒါအချစ်လား.....?
အဲဒါအချစ်တဲ့လား................
တစ်ကယ်တော့
အလွမ်းကို အချစ်က
ပေါက်ဖွားပေးတာပါ....
အချစ်ဆိုတာ
နီးစပ်မှုရှိမှ ခိုင်မြဲမှာပေါ့...
ဘာဘဲဖြစ်ဖြစ် မင်းနဲ့
ပတ်သတ်တဲ့အလွမ်းဆိုရင်
ရင်ဘတ်ကြီးတစ်ခုလုံး
ပွင့်ထွက်သွားပါစေ....
                                                         ကုဋေကဋာက လွမ်းချင်နေမိတယ်.............

အနေဝေးလဲ......... ငါချစ်တယ

ပြီးပြည်စုံမှ အချစ်တစ်ခုလိုခေါ်သတဲ့လား
နှစ်ကိုယ်တစ်စိတ် ချစ်နေကြရင်ကော
အချစ်လိုမခေါ်ရတော့ဘူးလား.....
ငါတို့ဝေးနေချိန်
နှလုံးသားချင်းနီးရင်း
ချစ်ချင်းအရင်းတည်ပေါင်းဖက်လို့
ဘ၀တစ်ခုတည်ဆောက်ကြမယ်လို့
တိုင်တည်ခဲ့ဘူးတယ်..........
ဝေးနေချိန်
သတိရလို့ တမ်းတမိချိန်
မင်းဘယ်ဘက်ရင်အုံလေးကို သတိရလိုက်ပါ
အဲဒီထဲမှာ ငါရှိနေတယ်.......
အားငယ်နေလား .....ချစ်သူ
စိတ်ညစ်နေလား.....ချစ်သူ
မင်းမမေ့ပါနဲ့
အမြဲတမ်းငါရှိနေတယ်
ပတ်ဝန်းကျင် ယိုစွပ်လို့
အချစ်တံတိုင်းကြားမှာ
ခြားနားနေတဲ့ အမုန်းမြို့ရိုးတစ်ဘက်စီက
ငိုသံတွေ ...............
ချစ်သူငိုသံ
ချစ်သူငိုနေပါလား..........
ဘယ်လောက်ခြားနား
ဘယ်လောက်ဝေးပစေ
ငါလာခဲ့မယ်.............
မင်းရဲ့ အရာရာ အဖြည့်ခံအဖြစ် ငါအမြဲရှိနေမှာပါ
မင်းစိတ်ထဲ တစ်သက်သာ စွဲမှတ်ထားလိုက်...ချစ်သူ
အနေဝေးလို့ မေ့ကြေးဆို
ငါနှလုံးသားကို အလှူကြီးပေးလိုက်တာကြာပီပေါ့.........

Sunday 14 October 2012

ငါဖန်ဆင်းခဲ့တဲ့ ငါ့ရဲ့ဧဒင်ဥယျာဉ်

မနက်ခင်းတွေမှာ

ငါရဲ့အနာဂတ်တွေကို

ပုံဖော်ဘို့

ဧဒင်ဥယျာဉ်တစ်ခု

ငါဖန်ဆင်းခဲ့တယ်……..



ငါအာဒံမဖြစ်ချင်ဘူး….

ဧ၀ဆိုတာလည်းမလိုအပ်ဘူး……..

ငါဥယျာဉ်ထဲက

နှလုံးသားဆိုတဲ့အရာကို

အချစ်ဆိုတဲ့ အရာဝတ္တုတစ်ခုနဲ့

ရိုးရိုးလေး

တန်ဆာဆင်ချင်ခဲ့တာလေ…….



နွေးထွေးတဲ့

နံနက်ခင်းတစ်ခု

ငါလိုချင်တယ်….

အေးမြတဲ့လေပြေလို

ငါတိုက်ခတ်ချင်တယ်…..ချစ်သူ….



မာနခပ်ပါးပါးလေး

ခြုံလွှမ်းထားတဲ့

ငါအချစ်မှာ

ပကာသနမဖက်ဘဲ

မာယာမပါတဲ့

မြတ်နိုးမှု အရင်းခံသက်သက်နဲ့

ကြင်နာချင်ခဲ့တာပါ……..



ငါရဲ့အချစ်ကို

မျက်စိနဲ့ကြည့်လို့မြင်ရမှမဟုတ်တာ….

မင်းနှလုံးသားနဲ့ ခံစားကြည့်မှ

မြင်ရမှာပေါ့……..



Love is not for keeping but for giving to someone.တဲ့

အချစ်ဆိုတာ သိမ်းဆည်းထားလို့မှ မရတာ

တစ်စုံတစ်ယောက်ကို

ပေးလိုက်ရမှာအသေအချာဘဲလေ



ငါ့အတွက်ကတော့

ပေးလိုက်ရတာဘဲဖြစ်ဖြစ်

ပြန်ရတာဘဲဖြစ်ဖြစ်

အချစ်တွေအားလုံးက

ချိုမြိန်တယ်လို့ ယူဆခဲ့တယ်…..



ငါပေးလိုက်ရတဲ့အချစ်အတွက်

ငါဘာများပြန်ရခဲ့သလဲ……?



အခုတော့….

ရိုးရှင်စွာ

မြင်နေရတဲ့

အဖြစ်အပျက်တွေကို

ခေတ်ပျက်နှလုံးသားတစ်ခုနဲ့

ငါ………

ငြိမ်သက်စွာစောင့်ကြည့်နေရင်း………………………..(ကဗျာလုလင်)

အကြည့်တစ်ချက်ရဲ့ ရာဇ၀င်

အကြည့်လေးတစ်ချက်
ဆုံဖြစ်သွားတယ်
ရုန်းထွက်လို့ကို မရတော့ဘူးးးးးးးး...
ရိုးရိုးလေး ကြည့်လိုက်တာကိုက
နှလုံးသွားထဲ တုန်လှုပ်သွားခဲ့တယ်...
အသွေးအသားထဲထိ စိမ့်ဝင်သွားခဲ့တယ်..
ငါစိတ်တွေ ယောက်ယက်ခတ်ကုန်ပါပြီ......ကွာ...


အရှိန်လွန်ခြင်းမရှိတဲ့

မင်းအပြုံးတွေအောက်
ငါ့စိတ်တွေကြည်နူးနေခိုက်
တစ်စုံတစ်ခုသောအရာက
ငါ့ရင်ဘတ်ထဲ လျှံကျသွားခဲ့တယ်
အဲဒါအချစ်တွေပေါ့........


ရိုးသားတဲ့အကြည့်တွေမှာ
မာယာတွေမပါ
နူးညံတဲ့အပြုံးတွေထဲ
လိမ်ညာခြင်းမရောစပ်ထားတဲ့
အချစ်တွေနဲ့ မင်းလေးကို

တိတ်တခိုး ချစ်နေခဲ့မိပါတယ်......

တစ်ကယ်လို့သာ

မင်းကခွင့်ပြုမယ်ဆိုရင်
နာရီစည်းဝါးမမှန်တဲ့
ကိုယ့် နှလုံးသားကို သံပတ်ပေး
နံပါတ်တွေကို အစဉ်အတိုင်းရွှေ့
ပါးစပ်မှာပန်ကာတပ်ပီး
ပြောလိုက်ချင်တယ်
မင်းကိုသိပ်ချစ်တဲ့အကြောင်းတွေကိုပေါ့...........

ဒါမှမယုံနိုင်သေးရင်

ငါရဲ့ ရင်ခွင်တံခါးကို

တွန်းဖွင့်လိုက်ပါ.....
သစ္စာမေတ္တာတွေ မိုးလို့
မြတ်နိုးမှု အခင်းအကျင်းနဲ့
အကြင်နာတွေ ကာရံထားတဲ့
နှလုံးသာစံအိမ်လေး တစ်ခု
မင်းတွေ့ရပါလိမ့်မယ်.....
မင်းအတွက်

တံခါးမရှိ ဓါးမရှိပါဘဲ....
ဝင်လာရဲလားချစ်သူ....
ထမင်းတော့ ငတ်မယ်...
ရင်ခုန်သံ လုံးဝ မပြတ်စေရဘူး.............(ကဗျာလုလင်)

မင်းလေးရဲ့အလိုတော်အတိုင်း

တိုးတိုးလေး...
တစ်ကယ်တိုးတိုးလေးပါ....
မင်းအတွက်
ငါရဲ့ ရင်ခုန်သံတွေလေ.....

တိတ်တိတ်လေး
တစ်ကယ်ကို တိတ်တိတ်လေးပါ....
ရင်ထဲက ချစ်ခြင်းတွေနဲ့
ချစ်နေခဲ့တာပါ.......

ဖြေးဖြေးလေး
တစ်ကယ်ကိုဖြေးဖြေးလေးပါ
တိုးတိတ်စွာ ပြောခဲ့မိတယ်..
နှလုံးသားထဲက ချစ်ခြင်းတွေနဲ့ပေါ့...

အရမ်းချစ်တယ်..
တစ်ကယ်ကိုအရမ်းချစ်တယ်....
ဘယ်လိုမှ မတိုင်းတာနိုင်တဲ့
အချစ်တွေနဲ့ပေါ့.........

လက်တွေမြဲလို့...
အိမ်ပြန်ချိန်တွေခွဲခဲ့ရတယ်...
အတိုင်းအဆမရှိလွမ်းလို့
အိပ်ပျက်ညတွေများခဲ့ရတယ်...

လမ်းတွေလျှောက်ရင်း
ပျော်ခဲ့ရတယ်.....
အိမ်မက်တွေထဲမှာ
နမ်းရှိုက်ခဲ့တဲ့အနမ်းတွေနဲ့
သူလာမယ့်လမ်းကို
မျှော်နေမိတယ်.......

တစ်ကယ်တော့ အလွမ်းဆိုတာ
အချစ်က ပေါက်ဖွားပေးတာပါ
အချစ်ဆိုတာကလည်း
နီးစပ်မှုရှိမှ
ခိုင်မြဲမှာလေ....

သူမရဲ့ အသစ်စက်စက် ပါပြင်းပေါ်
အနမ်းတစ်ပွင့်ချွေခွင့်ရတဲ့နေ့
သူမ ပျော်ရွင်နေရတဲ့နေ့တွေဟာ
ငါရဲ့ ခမ်းနားတဲ့ နေရက်တွေပေါ့.....

မိုးရေထဲမှာ အတူတွဲလို့
လမ်းလျှောက်ကြမယ်...
နေ၀င်ချိန်တွေကို
အတူတူ ဖြတ်သန်းချင်တယ်.....

အရာရာချစ်ခြင်းထက်
မင်းကိုချစ်တဲ့အချစ်က
ငါ့အတွက် အပြစ်ကင်းတဲ့
ချစ်ခြင်းစစ်စစ်...
မြတ်နိုးလို့ တန်ဖိုးမထားရင်တော့
အရာရာကို အရှုံးတွေပေးလည်း
ဒီတစ်ခုတော့ နားလည်ပေးပါ.....

ငါ့အတွက် အရာရာက
စိတ်ဆန္ဒတွေအားလုံးက
မင်းလေးရဲ့ အလိုတော်အတိုင်း
မင်းလေးရဲ့ အလိုတော် အတိုင်း
မင်းလေးရဲ့ အလိုတော်အတိုင်း............................(ကဗျာလုလင်)

အကြည့်တစ်ချက်ရဲ့ ရာဇ၀င်

ချစ်လို့ မ၀ခင်လေး
အလွမ်းသံတွေ
ကိုယ့်နားထဲ သဲ့သဲ့
ကြားနေရတယ်....
အပြာရောင်တိမ်တိုက်လေးကြားမှာ
အစိမ်းရောင်ဆိုတဲ့
မျက်ဝန်းလေးနဲ့
မကြည့်လိုက်ပါနဲ့.......
မင်းရဲ့ အကြည့်ဟာ
ငါ့ရဲ့ အချစ်ရေးမှာ
ဝဋ်ကြွေးပါလာလို့လားတော့ မသိဘူး...
နှလုံးသားကို
ထိသွားတာတော့ အမှန်ပါ........
အာရုံထဲ ထိုးဖောက်ဝင်ရောက်လာတဲ့
အပြုံးတွေနဲ့အတူ
နင့်ကနဲနေအောင်
ငါ့ရင်ထဲဝင်သွားခဲ့တဲ့
အကြည့်တစ်ချက်ကိုတော့
လုံးဝမေ့နိုင်မယ်မထင်တော့ဘူး.......
မင်းပျော်မယ်ဆိုရင်
ကိုယ့်ဘ၀ကြီးတစ်ခုလုံးကို
လိုသလို လုပ်လို့ရပါတယ်....
ကိုယ်နဲ့ မထိုက်ရင်လဲ
အရင်လူသဘောမို့
အရံလူဖြစ်တဲ့ ကိုယ့်ကို
မစိမ်းပါနဲ့....
ပင်ယံမြင့်မှာ ပွင့်တဲ့ပန်းကို
တုံးခုလို့  မှ နမ်းမရရင်
တံချူနဲ့ ချူပြီး
နမ်းရှိုက်ခွင့်ပေးပါ.....

အရှုံးသမားတစ်ယောက်ရဲ့ တမ်းချင်း

ကောင်းကင်ကြီးရဲ့ အောက်မှာ
ငါအသက်ရူနေခဲ့တယ်...
ညအမှောင်မှာ
ကြယ်လေးတွေမှိတ်တုတ်မှိတ်တုတ်
ဖြစ်နေပေမယ့်
လမင်းကြီးကတော့ ထွက်မလာခဲ့ဘူး......
လမ်းမီးတိုင်အောက်ကို
ငါရောက်သွားတဲ့အချိန်မှာ
ပိုးစုန်းကြူးတွေရဲ့ အလင်းရောင်ဟာ
ကောင်းကင်က ကြယ်လေးတွေလောက်
မလှပပါလားလို့
ငါတွေးနေတုန်း.....
ဟော.....
ကြယ်တစ်စင်းမြေပြင်ကို သက်ဆင်းလာပါလား..........
ငါကြယ်တွေကို ကြည့်ရင်း
ရေရွတ်နေချိန်...
ငါ့မျက်ဝန်းအိမ်မှာ
မျက်ရည်တွေအပြည့်နဲ့ပေါ့...........
မကြာခင်မှာဘဲ...
မျက်ဝန်းအိမ်ထဲက မျက်ရည်တွေဟာ
ပါးပြင်ကို ဖြတ်သန်းလို့...
မြေပြင်ပေါ်ကို ဆင်းသက်ချိန်
ငါ့ကိုယ်ငါ သတိထားလိုက်မိတာကတော့...
အော် .....
မင်းအတွက်နဲ့ ငါငိုနေတတ်ခဲပြီကိုး.......

ငါ့ရင်ခွင်ကို အပိုင်စားပေးခဲ့တာ
မင်းဘ၀အတွက်နွေးထွေးဘို့ပါ....
ငါရဲ့ အချစ်တွေကို စော်ကားဘို့ မဟုတ်ဘူးလေ....
အမုန်းလက်နက် တစ်စက်ကလေးမှမသုံးဘဲ
ငါ့ရင်ခွင်ကို စုံကန်သွားခဲ့တာပါ....
မင်းလုပ်ကွက်က
သေသပ်ပါတယ်ချစ်သူ...
ဒါကိုမှမကျေနပ်သေးရင်
ငါ့ကိုပါ အသေသတ်သွားလို့ရပါတယ်....
မင်းပျော်မယ်ဆိုရင်ပေါ့....................

Tuesday 18 September 2012

အချစ်သို့တိုင်တည်ခြင်း



မင်းကစူးရှတဲ့ မျက်ဝန်းတစ်စုံနဲ့ 

ညှို့ ငင်ပြီးကြည့် တတ်တယ်။

လှပတဲ့ အပြုံးနဲ့ လည်း

ကြင်နာစွာကြည့် တတ်သေးတယ်။

နောက်ပြီးတော့ 

ချိုသားတဲ့ စကားတွေကို

သကာရည်သုတ်လိမ်းပြီး

ငါ့ အသည်းထဲ ပို့ တတ်သေးတယ်။

ညင်သာတဲ့ အထိအတွေ့ 

မင်းကိုယ်ငွေ့ နွေးနွေးကလည်ူ

ငါ့ ရင်ကိုခွဲစေခဲ့ တယ်။

ဒီလိုနဲ့ ဖြူစင်တဲ့ မင်းအချစ်တွေကြား

ရင်ခုန်သံတွေမှားလောက်အောင်

ငါ့ နှလုံးသားလေးစွဲလမ်းစေခဲ့တယ်ဆိုတာ

မာယာမဲ့ နှောင်ကြိုးတွေနဲ့ အတူ

မင်းရှေ့ မှာသက်သေထူပြချင်ပါတယ်။

ငါတကယ်ချစ်တယ်ဆိုတာ

ထာဝရပါ ချစ်သူ……………………..။

Sunday 5 August 2012

လွမ်းတယ်

လွမ်းတယ်........
မင်းရဲ့အချစ်ရေစက်ကလေး တစ်စက်က
ငါ့ အတွက်တော့ ..............
ပင်လယ်ထက်လဲကျယ်ရင်ကျယ်မယ်
သမုဒ္ဒရာထက်လဲကျယ်ရင်ကျယ်မယ်
ငါဖြစ်ချင်တဲ့ ဆန္ဒတွေကတော့ 
မင်းအချစ်တွေကိုငါ့ တစ်ယောက်အတွက်ပဲ
ထုပ်ပိုးသိမ်းစီးထားချင်တယ်
ကဲ..............
တရားမရချင်လဲနေ
မင်းကိုရရင်ငါကျေနပ်တယ်
နားခိုရာလမ်းကိုရှာတယ်
လမ်းမတွေ့ ဘူး မင်းပဲတွေ့ တယ်
ငါ့ အရိပ်ပျောက်နေတယ် မင်းအရိပ်ပဲရှိတယ်
ငါ့ အချစ်ကို ငါ ပြန်ရှာကြည့်တယ်
မင်းကိုချစ်တဲ့ စိတ်ပဲတွေ့ တယ်
ပြောချင်တာပေါ့ .....................မင်းနဲ့တူတူချစ်ခွန်းသီပြီး
မင်းဆီကိုအရောက်လာချင်တာပေါ့ 
မင်းဆီကိုအရောက် ငှက်လေးလို မင်းရှိရာကိုပျံသန်းချင်တာပေါ့ 
ငါးလေးလိုလဲကူးခတ်ချင်တယ်
အချစ်အကြောင်းတွေလဲဆွေးနွေးချင်တယ်
ငါ့ ကိုငါပျောက် ငါ့ စိတ်မင်းဆီရောက်နေတယ်
ပြောချင်တာပေါ့ ............မင်းအတွက်ချစ်စကားပဲ
မြင်ချင်တာပေါ့ မင်းမျက်နှာပဲ
ငါ့ ရဲ့ ကမ္ဘာမှာငါ့ ရဲ့ စိတ်...................
ငါ့ ကိုငါပျောက် မင်းဆီကိုရောက်နေတယ် ချစ်သူရယ်
ကိုးကိုယ်ကွယ်မှု့တွေထဲမယ် ရေလိုက်လွဲလို့
ငါကိုးကွယ်တာ မင်းအချစ်ဖြစ်တယ်
ငါ့ စိတ်ကို ငါစစ်တော့  မင်းကိုချစ်တဲ့ အချစ်ပဲဖြစ်နေတယ်
မင်းရဲ့အချစ်က သစ်သီးလိုချိုတယ်
ပန်းရနံ့လေးလိုလဲ မွှေးတယ်
ဂီတသံလိုလဲ သာယာတယ်
မင်းရဲ့ အချစ်လိပ်ပြာကို ငါတစ်ယောက်ထဲပိုင်ချင်တယ် ချစ်သူ
ငါ့ ရင်ဘတ်ကိုလာစိုက်တဲ့ ဓါးတစ်ချောင်း ဖြစ်ခဲ့ရင်တောင်
မင်းကိုချစ်တဲ့ စိတ်နဲ့ ငါကျေကျေနပ်နပ် ငါ့နှလုံးသားစိုက်တဲ့ ဓါးဆိုပြီး
ငါကျေနပ်စွာနဲ့ မင်းပေးတဲ့အရာ မှန်သရွေ့ငါယူထားတယ် ချစ်သူရယ်.......

မေ့လိုက်ပါ.................

မေ့လိုက်ပါ.....တဲ့လား
ဒီစကားလေးသုံးခွန်းက
ဘ၀ တစ်ခုလုံးကို ဖျက်ပစ်လိုက်တဲ့
ကံကြမ္မာကပေးတဲ့
လက်နက်တစ်ခုဘဲလား......
အသွားထက်ထက်
လက်နက်တစ်ခုနဲ့
နှလုံးသားကို ထိုးစိုက်ပစ်လိုက်တာလေ
အမုန်းလက်နက်
တစ်စက်ကလေးမှ မသုံးဘဲ
အပြုံးသက်သက်နဲ့
ငါရင်ခွင့်ကို
စုန်ကန်ခဲ့တာပါ
မင်းလုပ်ကွက်က သေသပ်လွန်းတယ်ချစ်သူ....
အပြုံးတုတွေဖန်ဆင်း
မာယာတောထဲက
ငါရုန်းမထွက်နိုင်သေးဘူး.....
မေ့ဘို့ဆိုတာက
ချစ်တတ်လွန်းခဲ့တဲ့
ငါ့အတွက်
ဧဒင်ဥယျာဉ်ထဲက
သစ်သီးတစ်လုံးမှားစားမိခဲ့တဲ့
အာဒံ ဧ၀တို့
ဘုရားသခင်က အပြစ်ပေးခဲ့သလောက်
မလွယ်ဘူးလေ..................
ငါချစ်ခဲ့တယ်...
မင်းမချစ်ခဲ့ဘူးးး
ငါတန်ဖိုးထားတယ်
မင်း ရက်စက်သွားတယ်...
တန်ပါတယ်
တန်ပါတယ် ငါအချစ်အတွက်
ငါတန်တယ်......
ငါချစ်ခဲ့တဲ့ အချစ်အတွက်
ငါတန်ပါတယ်
ငါဘ၀အတွက် အချစ်ဆုံးဖြစ်ခဲ့လို့
မင်းမေ့ရင်တောင်
ငါက တစ်သက်လုံးဆက်ချစ်သွားမယ်
ငါရဲ့ နောက်ဆုံး ၀င်သက်ထွက်သက်အထိ..............................

Tuesday 17 July 2012

ဘယ်သူအတ္တပိုခဲ့တာလဲ ...?

လူနှစ်ဦးရဲ့ အတ္တဆန်မှုဟာအချစ်ဖြစ်တယ်ဆိုရင်
ဖြေရှင်းလို့မရတဲ့ပုစ္ဆာဆိုတာ
ချစ်သူတွေကြားက နားလည်မှုလွဲခြင်းဆိုတာကို သိလိုက်ရချိန်
တန်ဖိုးရှိတဲ့အရာတွေကလည်း ဆုံးရှုံးသွားတတ်တယ်.....

ကိုယ့်ဆန္ဒနဲ့ အမြဲဆန့်ကျင်သွေဖယ်သူ
သံသယတွေနဲ့ ပေကျံတဲ့နှလုံးသားရှိတဲ့သူ
စိတ်ဆင်းရဲခြင်းကိုသာ အမှတ်တရပေးတတ်တဲ့သူ
နာကျင်ခံခက်တဲ့စကားကိုမှ ရွေးချယ်ပြောတတ်တဲ့သူ
အဲလိုစံတွေနဲ့ပြည့်နေတဲ့ မင်းကို ကိုယ် ချစ်နေသေးတာတဲ့လား...........

တစ်ချိန်းတုန်းကတော့
ဆုံဆည်းခြင်းမီးအိမ်ဟာ ဆီမခမ်းခင်အချိန်ထိ
တူတူတောက်ပခဲ့ကြပါတယ်....
ပြန်ကြည့်လိုက်ပါဦး
နားလည်ခြင်းတရားတွေနဲ့ ပြည့်နေတဲ့ ကြယ်ပွင့်လေးတွေ
အဲဒါ.......
မင်းမျက်ဝန်းလေးတွေပေါ့ ချစ်သူ.......(ကဗျာလုလင်)

အချစ်စစ်တို့ မည်သည်.............

တစ်နယ်စီကွာဝေး
ရေမြေတွေခြားနေလည်း
နှလုံးသားချင်းနီးရင်
ချစ်ခြင်းဆိုတာ တည်မြဲပါတယ်...

အလွမ်းဆိုတာ
အချစ်ရဲ့ နောက်က
တစ်ကောက်ကောက်လိုက်နေတဲ့
အရိပ်တစ်ခုဘဲလေ....

ဘာဘဲဖြစ်ဖြစ်
မင်းနဲ့ တွေ့ဆုံခွင့်ပေးတဲ့
လောကကြီးကို
ငါကျေးဇူးတင်တယ်....

နင်နဲ့ချစ်ခွင့်ပေးတဲ့
ကံကြမ္မာကို
ငါကျေးဇူးတင်တယ်....

ပီးတော့
နင့်ရဲ့ ဖြူစင်တဲ့အချစ်တွေကို
ငါမြတ်နိုးတယ်.................. (ကဗျာလုလင်)

ပဲပေးလို့ ပုံထွက်လာတာလေးတွေပါဂျာ









Monday 16 July 2012

ကျွန်တော်မသိတဲ့ ကျွန်တော်

တစ်ခါတစ်ခါ
လူဘ၀ဆိုတာ အိမ်မက်ဆိုးတွေမက်တတ်တယ်......
ပြီးတော့
အတိတ်ကောက်မှားခဲ့တဲ့ အိမ်မက်တွေနဲ့ အပြုံးတွေက
အမုန်းဖြစ်တတ်သေးတယ်..
ကျွန်တော်တို့ သိပ်ချစ်ခဲ့ပါတယ်
မြတ်မြတ်နိုးနိုးချစ်ခဲ့ကြတာနော်............

ဒါပေမယ့်
အတူတူဆိုညည်းခဲ့တဲ့တေးသွားတွေ
မုန်းတိုင်းထဲရောက်သွားတယ်
ဘ၀ဇာတ်ဆရာက
ဇာတ်သိမ်းပေးတာစောတယ်.......

ကံတရာက အရာရာကိုဖန်တီးပေးခဲ့တာလား.
ချိုသာမှုတွေ ရှားပါးခဲ့တာ ငါ့အမှားတွေကြောင့်တဲ့လား
လူတစ်ယောက်ရဲ့ နှလုံးသွေးတွေက ပွက်ပွက်ဆူ
အပြစ်တွေ သူများပြောမယ့်အစား
ကျွန်တော့ကိုယ်ကျွန်တော်ဘဲအပြစ်တင်လိုက်တော့မယ်.....

မမျှော်လင့်ခဲ့ပါဘူး..........
အတူတူလျှောက်မယ် လမ်းကလေး ပျက်ဆီးခဲ့တာ
မခေါ်ရက်ခဲ့ပါဘူး......
ကျွန်တော်နဲ့ ရှိမယ်နေ့ရက်တွေကို
မတားရက်ခဲ့ပါဘူး............
မင်းသွားမယ့် နေရာလေးတွေကို
သူစိတ်ချမ်းသာဘို့
သူပျော်ရွှင်ဘို့အတွက်
ကျွန်တော်အချစ်တွေကို ဒစ်စကောင့်ချထားခဲ့တယ်.............

နေထိုင်ရှင်သန်နေရတဲ့ဘ၀က
အက်ဆစ်ထဲပျော်ဝင်နေရသလိုဘဲ........
အဲဒါ ၀ဋ်ကြွေးတစ်ခုထင်ပါရဲ့နော်
အိမ်မက်တွေက လှမလိုလိုနဲ့
ချောက်ထဲကျမှ လန့်နိုးသလိုမျိုးပါလား............................
ဒါနဲ့
ကျွန်တော်ဆိုတာ ဘယ်သူပါလိမ့်......................? (ကဗျာလုလင်)

မင်းအရှင်သတ်လို့ရတဲ့ ရင်ဘတ်နဲ့လူ

အတိတ်ရဲ့ မျဉ်းကြောင်းပေါ်မှာ
အသဲကွဲစာသားတွေနဲ့
ကဗျည်းမထိုးချင်ဘူး.........
နွေခေါင်ခေါင် လရောင်ပျောက်တဲ့
ငတ်မွတ်မှုမျိုးက
ဘယ်တော့များမှ ပြန်လာမှာလဲလေ.........

လရောင်ဆန်းတဲ့ ကမ်းလင့်မှုမျိုးနဲ့
မင်းဘယ်အချိန်ပြန်ပါလာစေ
ငါကြိုနေဦးမယ်.....ချစ်သူ
ဒါကို မင်းက မျက်တောင်မခတ်ဘဲ
မုန်းပြန်ရင်လဲ
ငါ မုန်းမာန်မပါဘဲ ပြုံးပြမယ်
ပြီးတော့ အသံမပါဘဲ ငါလွမ်းမယ်........

ဒီနေ့ မင်းကိုငါလွမ်းလိုက်တာ
လေပြေတောင်လန့်သွားမယ်.....
မင်းသိလား
ငါ့စိတ်ထဲမှာ ဝေဒနာတွေမိုးလိုရွာချတယ်...
မင်းက စုတ်ဖြဲပစ်လိုက်တော့ ချစ်ခြင်းတရားနဲ့
ပျိုးထားတဲ့ မိုးကာတဲလေး ပြိုပျက်နေပြီ........ချစ်သူ

နာကျင်ကြွေကွဲခြင်းဆိုတဲ့ ဘက်မှာ
ငါက ထူးချွန်နေသလိုဘဲ အလွမ်းဆိုတာကလည်း
ဘယ်သူ့ဘက်လိုက်ရမှန်းမသိတဲ့အထိကို
မျက်စိသူငယ်နားသူငယ်နဲ့ ကလေးလိုပါဘဲကွာ.

မင်းလိပ်ပြာက ငါ့နှလုံးသားကိုဝင်ဆီးခဲ့တော့
အချစ်တစ်ပွဲကို စစ်ပွဲတရာနဲ့ လဲရပြန်တယ် ...
ငါ့မှာတော့ ဝေခွဲမရတဲ့ သတ္တဗေဒ
အမည်မသိတဲ့ သက်ပြင်းတစ်ခုကိုမလုံမလဲ မှုတ်ထုတ်လိုက်ရလဲ
တိတ်တိတ်လေးပါဘဲလေ.......

အချိန်တွေကြာလာတော့
မိုးစက်..........
မျက်ရည်.......ဒါတွေနဲ့
အလွမ်းတွေအောင်မြင်ခဲ့ပါပြီ.....

မင်းသိထားပါ.......ချစ်သူ
တစ်ကယ်တော့
ငါဟာ မင်းအရှင်သတ်လို့ရတဲ့
ရင်ဘတ်နဲ့လူတစ်ယောက်ပါ..............................(ကဗျာလုလင်)

လွင့်မျောနေတဲ့ အနာဂတ်ထဲက.....ကျွန်တော်

တစ်ကယ်တော့
သံသရာက မလွမ်းထိုက်ဘူး
ဖွာဆံကျဲစိတ် ရနံလေးနဲ့
လေသယ်လာတဲ့ စေတသိက်တွေ
လွန်ထားတဲ့အတိုင်း လိုသလိုပေးကျစ်
စနစ်တကျရွာလို့။
တောင်ပံတစ်ဖက် မစင်ကြယ်ခဲ့
မစင်ကြယ်တဲ့ တောင်ပံတစ်ဘက်နဲ့သာ
မောင်းနှင်လာတဲ့ဟောဒီကမ္ဘာမှာ
ငါဘယ်လိုချစ်ရမလဲလေ.....
အမုန်းတရားဆိုတာကတော့
စေတန်အမှတ်တံဆိပ်နဲ့ ဟန်ဆောင်စဉ်းလဲတဲ့
ပဉ္စမမြောက်နှတ်ခမ်းရဲ့ အသက်ကိုသတ်သော
အနမ်းတစ်ခု...........
အချစ်ဆိုတာကလည်း
ဘယ်အချိန်ထခြစ်ခြစ်
အက်စစ်တွေလို တစ်ဆစ်ဆစ်မြည်တတ်တဲ့
ဓါတ်စက်ဟောင်းတစ်လုံးလိုဘဲ....
ဘ၀ဆိုတာကလည်း
အလွမ်းများများ ၊ အပျော်နည်းနည်းရောစပ်ထားတဲ့
ရုပ်ရှင်ကားတွေပါ...
လေထဲမှာ အိပ်လေးတစ်လုံးဆောက်
စာကြည့်ခန်းလေးက သပ်သပ်ထားမယ်
သူငယ်ချင်းတွေလာရင်အိပ်ဘို့ တစ်ခန်း
လမ်းလျှောက်ဘို့ ပန်းခြံသေးသေးလေးနဲ့
အဲလိုရွှက်လွှင့်တယ်ဆိုတာကလည်း
ကမ်းကို ရှာဖွေဘို့ဘဲလေ......
မနေ့တုန်းကတော့
သေမိန်ကျပြီးသူရဲ့ မျှော်လင့်ချက်နဲ့
မနက်ဖြန်ဟာ
နောက်ဆုံးမှာပန်းဝင်လာတဲ့
တာဝေးအပြေးသမားလို
အသက်ရူသံနဲ့.............
အခုတော့
မိုးထဲရေထဲမှာ ငါတစ်ယောက်တည်း
ရွှဲရွှဲဆိုလို့...........................(ကဗျာလုလင်)

"မနေ့က" "ဒီနေ့"

လူ့ဘဝသက်တမ်း ဘယ်နှစ်ရက်ရှိသလဲ?
မတူတဲ့လူတွေမှာ မတူတဲ့အဖြေတွေရှိကြတယ်။
ကျွန်တော့်အဖြေက လူ့ဘဝတစ်လျောက်မှာ ရက်(၃)ရက်ပဲရှိတယ်။ အဲဒီရက်တွေက မနေ့က၊ ဒီနေ့ နဲ့ မနက်ဖြန်ပဲဖြစ်တယ်။ ဒီသုံးရက်ကို သေချာအသုံးပြုတတ်ရင် ဘဝတစ်သက်တာလုံး အဆင်ပြေကောင်းမွန်နေလိမ့်မယ်။

"မနေ့က" ဆိုတဲ့ရက်တွေ ရှည်လျားလွန်းလှတယ်။

ရှည်လျားလွန်းလို့ ဘယ်နှစ်ရက်ရှိမှန်းတောင် မရေတွက်နိုင်ခဲ့ဘူး။ မရေတွက်နိုင်တဲ့ "မနေ့က" ပေါင်းများစွာက လူတစ်ယောက်ရဲ့သမိုင်းကို ဖွဲ့စည်းပေးခဲ့တယ်။ ဒါပေမယ့် "မနေ့က" ဘယ်နှစ်ရက်ပဲရှိခဲ့ရှိခဲ့၊ ဘယ်လောက်ပဲ ဒုက္ခဆင်းရဲခံခဲ့ရပါစေ၊ ဘယ်လောက်ပဲ ထူးကဲခမ်းနားခဲ့ပါစေ ဒါတွေအားလုံးဟာ အတိတ်ကိုယ်စားပြုတွေ ဖြစ်သွားခဲ့ပြီး အနာဂတ်ကို ကိုယ်စားမပြုနိုင်ပါဘူး။

ဥပမာ-- မနေ့က ဆင်းရဲတဲ့လူတစ်ယောက်ဟာ မနက်ဖြန်မှာ သူဌေးဖြစ်ချင်ဖြစ်သွားနိုင်တယ်။
မနေ့က သူဌေးတစ်ယောက်ဟာ မနက်ဖြန်မှာ သူတောင်းစားဖြစ်ချင်ဖြစ်သွားနိုင်တယ်။
မနေ့က အလုပ်သမားတစ်ယောက်ဟာ မနက်ဖြန်မှာ ကုမ္ပဏီပိုင်ရှင်ဖြစ်ချင်ဖြစ်သွားနိုင်တယ်။

လောကမှာ အမြဲတမ်းအောင်မြင်မှုဆိုတာ မရှိနိုင်သလို အမြဲတမ်းရှုံးနိမ့်မှုဆိုတာလည်း မရှိဘူး။ အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုက သင့်တော်တဲ့အခြေအနေမှာ လည်ပတ်ပြောင်းလဲနိုင်တယ်။

ဒါကြောင့် မနေ့ကဖြစ်ခဲ့သမျှ ဆင်းရဲဒုက္ခအတွက် တွန့်ဆုတ်မနေသင့်သလို မနေ့ကရခဲ့တဲ့ ခမ်းနားထည်ဝါမှုအတွက် ဂုဏ်ယူဝင့်ကြွားနေဖို့ မလိုဘူး။ မနေ့ကဖြစ်ခဲ့တဲ့ ဆင်းရဲဒုက္ခနဲ့ထည်ဝါမှုဟာ ဒီကနေ့ရဲ့လှေကားထစ်လို့မှတ်ယူပြီး သာယာလှပတဲ့ မနက်ဖြန်ကို အရောက်လှမ်းနိုင်မှာဖြစ်တယ်။

"ဒီနေ့" ရဲ့ရက်က တိုတောင်းလွန်းတယ်။

ကိုယ့်ခြေဖဝါးအောက်ကနေ တစ်စက္ကန့်ချင်း နောက်ပြန်ကျုံ့ဝင်နေတယ်။ ဒီနေ့ဟာ မနေ့ကဆင်းရဲဒုက္ခရဲ့ အဆုံးနဲ့ မနက်ဖြန်ရဲ့အောင်မြင်မှုစမှတ်ကို ဆင့်ကမ်းဆက်သွယ်ထားတဲ့ နေရာဖြစ်တယ်။ ဆက်သွယ်တာကောင်းလေ မနက်ဖြန်က ခမ်းနားထည်ဝါလေဖြစ်တယ်။

ဒါကြောင့် "ဒီနေ့"မှာ "မနေ့က" အဖြစ်အပျက်အတွက် လွမ်းဆွေးတမ်းတ၊ ပူဆွေးမနေသင့်ဘူး။ ပြီးခဲ့တာတွေ ပြီးခဲ့စေပြီး သုညကနေ အသစ်တစ်ဖန် ပြန်စသင့်တယ်။ "ဒီနေ့"ရဲ့လုပ်ဆောင်မှုမှာ ကိုယ်ရောစိတ်ပါ နစ်ဝင်နေမှ ကောင်းမွန်တဲ့အသီးကို ခံစားရမှာဖြစ်တယ်။

ဒီနေ့အလုပ်ကို မနက်ဖြန်ထိမရွှေ့ဘဲ ဒီနေ့ပြီးအောင်လုပ်သင့်တယ်။ တကယ်လို့ မနက်ဖြန်ကိုပဲ ရွှေ့နေခဲ့ရင် မနက်ဖြန်တွေက များလွန်းလှတယ်။ မနက်ဖြန်ရဲ့ မနက်ဖြန်တွေက လူ့ဘဝလမ်းဆုံးလည်းဖြစ်နိုင်တယ်။ နောက်တော့ ဒီနေ့လုပ်သင့်တဲ့အလုပ်က မနက်ဖြန်မှာ ပျောက်ပျက်သွားတာမျိုးလဲ ရှိနိုင်တယ်။

မနက်ဖြန် ဘယ်လောက်ရှည်လျားသလဲ? ဘယ်သူမှ ရေရေရာရာ မပြောနိုင်ခဲ့ပါဘူး။
မနက်ဖြန်က ခမ်းနားထည်ဝါမလား? ရှုံးနိမ့်ကျဆုံးမလား? ဘယ်သူမှလည်း မသိနိုင်ခဲ့ပါဘူး။
မနက်ဖြန်က ကျွန်တော်တို့ကို အခွင့်အရေးတွေပေးသလို မနက်ဖြန်က ကျွန်တော်တို့ကို စိန်ခေါ်မှုတွေပေးတယ်။

မနက်ဖြန်ရဲ့ မျှော်လင့်ခြင်းကလှပပေမယ့် မနက်ဖြန်ရဲ့လမ်းတွေတိုင်းက ဆူးခက်တွေနဲ့ ညီညာမှာမဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာတစ်ခုက နေရောင်ခြည်လင်းလက်ပြီး ပန်းပွင့်တဲ့မနက်ဖြန်တိုင်းက ကြိုးစားရုန်းကန်သူတိုင်းကို ရင်ဖွင့်ကြိုဆိုနေမှာပါပဲ။

ဒါကြောင့် "မနေ့က" ရဲ့ သင်ခန်းစာနဲ့ အတွေ့အကြုံကို အသုံးပြုပြီး "ဒီနေ့"ကို အကောင်းဆုံး ကျော်ဖြတ်နိုင်ပါစေ။ "မနက်ဖြန်"တိုင်းရဲ့ စိန်ခေါ်မှုကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီး လူ့ဘဝကို ကောင်းမွန်ပြည့်စုံတဲ့ အဆုံးသတ်ပုဒ်မနဲ့ အပြီးသတ်နိုင်ပါစေဗျာ......

အမုန်းသမားတစ်ယောက်ရဲ့သီအိုရီ

ဘ၀ဇာတ်ခုံပေါ်မှာ

အတ္တခါးခါးနဲ့

အပြုံးတုတွေဖန်ဆင်း

မာယာများတဲ့ နှလုံးသား

အဆိပ်ပြင်းတဲ့စကားလုံးတွေနဲ့

ကြမ်းရှရှ အနမ်းတွေကိုလည်း

ငါ.....မယစ်မူးချင်တော့ဘူး........

ကမ္ဘာကြီးတည်နေသရွေ

ငိုကြွေးခြင်းတွေ ကြေကွဲခြင်းတွေ

နာကြင်ခြင်းတွေနဲ့

ပျော်ရွှင်စရာမရှိတဲ့ဘ၀တွေကို

ကံကြမ္မာက ထပ်ဆင့်တွန်းချနေဦးမယ်.......

အိပ်လို့မရမယ့်အတူ

ပြတင်းပေါက်ပေါ်လက်တင်

အဲဒီလက်ပေါ်မေးတင်လို့

သော့ခတ်ထားတဲ့

ဘယ်ဘက်ရင်ဘတ်ကိုကြည့်တော့

အစိမ်းရောင်မပြယ်သေးတဲ့

လတ်လတ်ဆတ်ဆတ် အချစ်တွေကိုတွေ့ရတယ်.......

သွေးစက်လက်ကျနေတဲ့

ငါနှလုံးသားအပြင်

အသွေးအသားထဲက

ငါ့အချစ်တွေကိုပါ

အမုန်းသဂြိုလ်စက်ထဲထည့်

မီးဟုန်ဟုန်းလောင်မြိုက်စေခဲ့တော့

နှလုံးသားမဲ့ လူတစ်ယောက်အဖြစ် ..ငါ...

မင်းမာယာတွေထဲက

ခပ်ညံညံယောကျာင်္တစ်ယောက်အဖြစ်

ငါမနေချင်တော့ဘူး............

ငါ့ကိုပစ်ခတ်မယ့်

မာယာကျည်ကတ်ကိုဖြုတ်ချပြီး

အပြုံးတုတွေကို အသာအယာပိတ်လို့

မင်းအံတကြိတ်ကြိတ်နဲ့

ထွက်ခွာသွားမယ်နေ့အထိ

ငါစောင့်နေမယ်

အမြန်ဆုံးရောက်ရှိပါစေသား............................(ကဗျာလုလင်)