့" ကဗျာလုလင် ဘလော့လေးမှ သူငယ်ချင်းမျာကို နွေးထွေးစွာ ကြိုဆိုပါ၏ "

Sunday 14 October 2012

ငါဖန်ဆင်းခဲ့တဲ့ ငါ့ရဲ့ဧဒင်ဥယျာဉ်

မနက်ခင်းတွေမှာ

ငါရဲ့အနာဂတ်တွေကို

ပုံဖော်ဘို့

ဧဒင်ဥယျာဉ်တစ်ခု

ငါဖန်ဆင်းခဲ့တယ်……..



ငါအာဒံမဖြစ်ချင်ဘူး….

ဧ၀ဆိုတာလည်းမလိုအပ်ဘူး……..

ငါဥယျာဉ်ထဲက

နှလုံးသားဆိုတဲ့အရာကို

အချစ်ဆိုတဲ့ အရာဝတ္တုတစ်ခုနဲ့

ရိုးရိုးလေး

တန်ဆာဆင်ချင်ခဲ့တာလေ…….



နွေးထွေးတဲ့

နံနက်ခင်းတစ်ခု

ငါလိုချင်တယ်….

အေးမြတဲ့လေပြေလို

ငါတိုက်ခတ်ချင်တယ်…..ချစ်သူ….



မာနခပ်ပါးပါးလေး

ခြုံလွှမ်းထားတဲ့

ငါအချစ်မှာ

ပကာသနမဖက်ဘဲ

မာယာမပါတဲ့

မြတ်နိုးမှု အရင်းခံသက်သက်နဲ့

ကြင်နာချင်ခဲ့တာပါ……..



ငါရဲ့အချစ်ကို

မျက်စိနဲ့ကြည့်လို့မြင်ရမှမဟုတ်တာ….

မင်းနှလုံးသားနဲ့ ခံစားကြည့်မှ

မြင်ရမှာပေါ့……..



Love is not for keeping but for giving to someone.တဲ့

အချစ်ဆိုတာ သိမ်းဆည်းထားလို့မှ မရတာ

တစ်စုံတစ်ယောက်ကို

ပေးလိုက်ရမှာအသေအချာဘဲလေ



ငါ့အတွက်ကတော့

ပေးလိုက်ရတာဘဲဖြစ်ဖြစ်

ပြန်ရတာဘဲဖြစ်ဖြစ်

အချစ်တွေအားလုံးက

ချိုမြိန်တယ်လို့ ယူဆခဲ့တယ်…..



ငါပေးလိုက်ရတဲ့အချစ်အတွက်

ငါဘာများပြန်ရခဲ့သလဲ……?



အခုတော့….

ရိုးရှင်စွာ

မြင်နေရတဲ့

အဖြစ်အပျက်တွေကို

ခေတ်ပျက်နှလုံးသားတစ်ခုနဲ့

ငါ………

ငြိမ်သက်စွာစောင့်ကြည့်နေရင်း………………………..(ကဗျာလုလင်)

2 comments:

  1. အချစ်ဆိုတာ နားလည်ရခက်တဲ့အရာတစ်ခုပဲလေ။ အချစ်ကဗျာလေးကို အားပေးခံစားခဲ့ပါတယ်

    ReplyDelete
  2. follower လေးလုပ်ပြီး ကဗျာလေးကိုလဲခံစားရင်း
    အလည်တခေါက်ပေါ့နော်
    ခင်မင်တဲ့ sis jasmine

    ReplyDelete