့" ကဗျာလုလင် ဘလော့လေးမှ သူငယ်ချင်းမျာကို နွေးထွေးစွာ ကြိုဆိုပါ၏ "

Tuesday 7 January 2014

နင်.............၀င်မလာသင့်ဘူး

ပျော်နိုင်ပါ့မလား……..
………………………………
ရေဆန် လေဆန်
(ဘ၀မှာ……)
နေဒဏ် မိုးဒဏ်လည်းခံရမယ်
နင်………
…………………………….
ဝင်မလာသင့်ဘူး……



နေ အကျိုးအပဲ့
လ အစုတ်အပြတ်နဲ့ 
နေကျဲကျဲပူ
နှင်းထူထူကျ
မိုးသည်းသည်းရွာ
(ဟောဒီ့ကောင်ရဲ့ကမ္ဘာ……)
သုံးရာသီဖျားနာမယ်
နင်……..
……………………………
ဝင်မလာသင့်ဘူး……



အိမ်ရှေ့ မှာမိုးစိုမယ်
နောက်ဖေးမှာမိုးယိုတယ်
အပေါစားဖိနပ်နဲ့ 
နင်မတ်တပ်ရပ်ဝံ့ပါ့မလား
တစ်ရာတန်ဘတ်(စ်)နဲ့ 
နင်သွားလာတတ်ပါ့မလား
(ဒီကောင့်ကမ္ဘာဆိုတာ…..)
နင်မကြားဖူးတဲ့အပေါစား ကဗျာတစ်ပုဒ်ပါ
နင်………..
…………………………………………..
ဝင်မလာသင့်ဘူး



ပျော်စမ်းပါ……..
……………………………………..
နင်တို့ ကောင်းကင်မှာ
ရောင်စဉ်တွေတောက်ပနေတာပဲ
တိမ်စွန်တိမ်ဖျားမှာ
သွားချင်ရာသွားလို့ ရတယ်
အစီအရီပွင့်ဖူး
ခူးချင်ရာခူးလို့ ရတယ်
(နင်တို့ ကမ္ဘာမှာ……)
ပန်းလှလှလေးတွေ ပွင့်နေကြတာပဲကောင်မလေးရယ်

ချစ်တယ်………..
…………………………………….
(မတန်မရာပါးစပ်)
လမင်းကိုမြေပေါ်ဆွဲချ
အညတြအိမ်မက် မက်ခဲ့တဲ့ကောင်
နင့်ရင်ခုန်သံလေးတွေတောင် အားနာမိပါရဲ့
တော်ပြီ……
…………………………….
တစ်ခန်းရပ်…….
………………………………………
ငါ့အတွက်နဲ့ တော့…….
………………………………………………
နင်…….
……………………………………………………….
……………………………………………………………….


ကိုယ့်ရင်ဘတ်ကိုယ်သော့ခတ်
မမြင်သာအောင်သိုဝှက်
အညတြအိမ်မက် မက်ခဲ့တဲ့ကောင်
တစ်ချောင်ချောင်မှာပဲ
ပြုံးပြုံးလေး သေနေပေးပါ့မယ်……….
……………………………………………………….
တော်ပြီ……..
…………………………
တစ်ခန်းရပ်……….
……………………………………
ငါ့အတွက်နဲ့ တော့……..
………………………………………….
(ကလေးရယ်…….)
နင်………..
ဝင်…………
မ…………….
လာ……………..
သင့်……………….
ပါ……………………..
ဘူး……………………..
………………………………………………………..
…………………………………………………………………….။
 

No comments:

Post a Comment