့" ကဗျာလုလင် ဘလော့လေးမှ သူငယ်ချင်းမျာကို နွေးထွေးစွာ ကြိုဆိုပါ၏ "

Tuesday 7 January 2014

တစ်ယောက်သောသူအတွက်…တစ်သက်စာ*

သတိမရဖို့ အကာအကွယ်ပြုခါမှ
သတိတရတွေ ပြိုကျလာ
အတိုင်းအဆမဲ့ ထိရှမှုဟာ
အပွင့်ကိုထိလည်းကြွေလွယ်
အညှာကို ထိလည်းကြွေလွယ်
အတိတ်ကိုဆန့်အထုတ်မှာ
အိပ်မက်တွေဟာ တဖြုတ်ဖြုတ်ကြွေ..။

မေ့လို့ရမှာလား
ကလေးတွေထပ်နေတဲ့ အရုပ်ကားချပ်လို
လက်ရှိ၊ လက်ရှိခြင်း ထပ်တူပြခဲ့ကြ
အလွှာပါးပါးလေးတွေ ခြားမှာစိုးတော့
ဖ၀ါးလေးတွေ နွေးအောင် ဆုပ်ကိုင်ထားမိကြ
ကြည်နူးခြင်းမှာ ကြေကွဲခြင်းကို လျစ်လျူရှုခဲ့ညနေများ။

“ဘာလို့များ ထားခဲ့ပါလိမ့်”
မရေမရာအတွေးတစနဲ့
မျက်ရည်လွှာကို ခဏခဏ တွန်းဖယ်ကြည့်မိ
ချစ်သူရယ်…
မ၀င်လာခင်တည်းက
ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့လေလား။

စိတ်မနာအားသေးဘူး
ဟိုးအဝေးမှာ ပျော်နေမလား
မိုးတွေရွာတော့ ငိုမှာလား
မှုန်ပြာပြာကောင်းကင်ကိုငေးရင်း
ဖြေသူမရှိတဲ့ အမေးကို တွေးနေမိ။

“ပြန်လာရင် သိပ်ကောင်းမယ်ကွယ်”
မရေရာတဲ့ ကောက်ရိုးမျှင်စကို ဆွဲရင်း
မျှော်လင့်ခြင်းတွေကလည်း တအုပ်တမနဲ့
ဒီရာသီရဲ့ တိမ်ပုတ်ပုတ်တွေအတိုင်း
အဆွေးမြေ့ခံစိတ်တွေ
တတောလုံး မှိုင်းလို့…ညို့လို့။

အချိန်ရှိတိုင်း
သူ့နာမည်လေး
မြသထက်မြအောင် ချွန်ပေး
အသွားထက်သထက် ထက်လာတော့မှ
ဒါဏ်ရာတွေ နက်နက်လာမှန်းသိသာ
အသွေးထဲ၊ အသားထဲမှာ
သတိတရဟာ အရှိန်ပြင်းပြင်း
ခုတ်ထွင်စီးဆင်းဆဲ………..။
 

No comments:

Post a Comment