့" ကဗျာလုလင် ဘလော့လေးမှ သူငယ်ချင်းမျာကို နွေးထွေးစွာ ကြိုဆိုပါ၏ "

Monday 16 July 2012

အမုန်းသမားတစ်ယောက်ရဲ့သီအိုရီ

ဘ၀ဇာတ်ခုံပေါ်မှာ

အတ္တခါးခါးနဲ့

အပြုံးတုတွေဖန်ဆင်း

မာယာများတဲ့ နှလုံးသား

အဆိပ်ပြင်းတဲ့စကားလုံးတွေနဲ့

ကြမ်းရှရှ အနမ်းတွေကိုလည်း

ငါ.....မယစ်မူးချင်တော့ဘူး........

ကမ္ဘာကြီးတည်နေသရွေ

ငိုကြွေးခြင်းတွေ ကြေကွဲခြင်းတွေ

နာကြင်ခြင်းတွေနဲ့

ပျော်ရွှင်စရာမရှိတဲ့ဘ၀တွေကို

ကံကြမ္မာက ထပ်ဆင့်တွန်းချနေဦးမယ်.......

အိပ်လို့မရမယ့်အတူ

ပြတင်းပေါက်ပေါ်လက်တင်

အဲဒီလက်ပေါ်မေးတင်လို့

သော့ခတ်ထားတဲ့

ဘယ်ဘက်ရင်ဘတ်ကိုကြည့်တော့

အစိမ်းရောင်မပြယ်သေးတဲ့

လတ်လတ်ဆတ်ဆတ် အချစ်တွေကိုတွေ့ရတယ်.......

သွေးစက်လက်ကျနေတဲ့

ငါနှလုံးသားအပြင်

အသွေးအသားထဲက

ငါ့အချစ်တွေကိုပါ

အမုန်းသဂြိုလ်စက်ထဲထည့်

မီးဟုန်ဟုန်းလောင်မြိုက်စေခဲ့တော့

နှလုံးသားမဲ့ လူတစ်ယောက်အဖြစ် ..ငါ...

မင်းမာယာတွေထဲက

ခပ်ညံညံယောကျာင်္တစ်ယောက်အဖြစ်

ငါမနေချင်တော့ဘူး............

ငါ့ကိုပစ်ခတ်မယ့်

မာယာကျည်ကတ်ကိုဖြုတ်ချပြီး

အပြုံးတုတွေကို အသာအယာပိတ်လို့

မင်းအံတကြိတ်ကြိတ်နဲ့

ထွက်ခွာသွားမယ်နေ့အထိ

ငါစောင့်နေမယ်

အမြန်ဆုံးရောက်ရှိပါစေသား............................(ကဗျာလုလင်)

No comments:

Post a Comment